အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိ စစ်တပ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေ လျှောက်လှမ်းရမယ့် လမ်းကြောင်းအမှန်ဖြစ်ပြီး ပြည်သူတွေ အမှားအမှန် ခွဲခြားသိဖို့လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ အကြမ်းဖက် မင်းအောင်လှိုင်က အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

“ပြည်သူလူထုတရပ်လုံး လိုလားတောင့်တသည့် ပါတီစုံ ဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို မကြာမီ စတင်ကျင်းပတော့မည် ဖြစ်ပါသည်။ ရွေးကောက်ပွဲလုပ်ငန်းစဥ်သည်သာ မိမိတို့ လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန်ဖြစ်တဲ့အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းအပ်ပါသည်” လို့ မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်အနေနဲ့ နိုင်ငံအနှံ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ကာ ကလေးငယ်များစွာကို သေကြေပျက်စီးစေသလို ကျောင်းနေအရွယ် အသက်မပြည့်သေးတဲ့ လူငယ်တွေကိုပါ ပေါ်တာဆွဲ စစ်တိုက်ခိုင်းနေပေမယ့် သဝဏ်လွှာထဲမှာတော့ ပညာရေးကို မြှင့်တင်ရမယ့်အကြောင်းတွေ ပြောထားပြန်ပါတယ်။

“နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီ၏ အသိပညာ အတတ်ပညာ၊ အတွေးအခေါ်၊ ဗဟုသုတပြည့်ဝစေခြင်းဖြင့် အမျိုးသားပညာရေးကို မြှင့်တင်‌ပေးရမည် ဖြစ်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် ယနေ့ကာလတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် အရာရာကို စဥ်းစားတွေးခေါ်ကာ အမှားအမှန်ကို ခွဲခြားသိရှိပြီး နိုင်ငံနှင့်လူမျိုးကို သယ်ပိုးဆောင်ရွက်ရန် အ‌ရေးကြီးပါသည်” လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကော်မရှင်ဟာ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲအတုကို တရားမဝင် ကျင်းပဖို့ ကြိုးပမ်းနေပေမယ့် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူအများစုကတော့ ဒါဟာ ထောင်ချောက်ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကင်းရွာရှိ နေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကင်းရွာကို လက်နက်ကြီးပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ စာသင်ဆောင်နဲ့ အဆောက်အဦးတွေ ပျက်စီး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ယောကာကွယ်ရေးတပ်ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် - YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီတိုင်းထဲ ရောက်လာတဲ့ ရခိုင်စစ်ရှောင်တွေကို စစ်ကောင်စီလက်အောက်ခံတွေက အကြောင်းအမျိုးမျိုးပြ လိုက်လံမောင်းထုတ်နေ

ရခိုင်ဒေသ တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းထဲ စစ်ဘေးရှောင်လာသူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲ နဲ့ စစ်သားတွေက လိုက်လံမောင်းထုတ်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ဘေးရှောင်တချို့ထံက သိရပါတယ်။
Read More

KPLA တပ်ရင်း(၉၄၂၀) ကျဆုံးရဲဘော်များကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) KPLA-တပ်ရင်း ၉၄၂၀ အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို ရည်စူးပြီး သံဃာတော်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းနဲ့ ဝတ္ထုကပ်လှူတာတွေကို ဘာသာရေးထုံးတမ်းစဥ်လာတွေနဲ့အညီ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါင်းတည်တွင် စစ်မှုထမ်းနှင့် ရွေးကောက်ပွဲအတုအတွက် အားတက်သရော ကူညီနေသည့် အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါင်တည်မြို့နယ်၊ ရေဆည်ကြီးရွာမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ဟာ စစ်မှုထမ်းကိစ္စတွေနဲ့ အတုအယောင် ရွေးကောက်ပွဲကိစ္စတွေမှာ အားတက်သရော ပါဝင်ကူညီနေတဲ့အတွက် အဆိုပါအုပ်ကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။