မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် အစွမ်းကုန် တားဆီးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်လိုက်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ လာမယ့် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတို့မှာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတင်းအကြပ် လုပ်ဆောင်လျက်ရှိပြီး လက်ရျိမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

တော်လှန်ရေးထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေသလို အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ လူစည်ကားရာ နေရာတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီလိုမျိုး စစ်ကော်မရှင်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) က ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ကော်မရှင် အုပ်ချုပ်ရေးနယ်မြေ မရရှိစေရေးနဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေး ကရင်နီပြည်နယ်အတွင်းရှိ တခြားတော်လှန်ရေးတပ်တွေနဲ့အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တားဆီး ခုခံတိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်ပြီး ပြည်သူတွေကို မဲဆွယ်စည်းရုံးခြင်း၊ ဖိအားပေး အကြပ်ကိုင်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်းတွေ လုပ်ကိုင်နေတဲ့ ပါတီဝင်တွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ကရင်နီပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားက ပြည်သူတွေအနေနဲ့လည်း အတုအယောင် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်း မလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများအား စားနှပ်ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနှပ်ရိက္ခာထောက်ပံ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့ကို ဇူလိုင်လ ၂ ရက်က ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းတွင် ပျူစောထီးတပ်ဖွဲ့ဝင် ၁ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ PDF ဖမ်းဆီးရမိ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အားကိုးနဲ့ မူးယစ်ဆေး သယ်ယူရောင်းချနေတဲ့ ပျူစောထီး ၁ယောက်ကို WY မူးယစ်ဆေးတွေနဲ့ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ကြို့ပင်ကောက်တွင် စာမေးပွဲအတွက် စာလုပ်နေသည့် ၁၀ တန်းကျောင်းသား စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူးထံက သိရပါတယ်။