တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ကနေ စစ်သုံ့ပန်း (၄၀) ကျော် ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်သားတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ထံက ၁၂၀ မမ လက်နက်ကြီး ၂ လက်၊ ကျည် ၁၈၇ တောင့်၊ .5 စက်သေနတ် ၁လက်၊ ၆၀ မမ ၃လက်၊ RPG ၂ လက်၊ ငါးကြင်းမြီး ၁လက်၊ လက်နက်ငယ် ၃၆ လက်နဲ့ တခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း BPLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ရဲ့ ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါတဲ့ တနင်္သာရီတိုင်း မောတောင် နယ်စပ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ Force for Federal Democracy (FED) တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကိုယ်ဝန်ဆောင်ပြည်သူ အမျိုးသမီး၏ သားဦးကို စလင်း (ပကဖ) ဆေးတပ်သားများ အောင်မြင်စွာ မွေးဖွားပေး

မကွေးတိုင်း၊ စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်းရှိ ကိုယ်ဝန်ဆောင်ပြည်သူ အမျိုးသမီးတစ်ယောက်ရဲ့ သားဦးကို စလင်း (ပကဖ) ဆေးတပ်သားတွေက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တီးတိန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက် ၁ လက်နဲ့ အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ လက်အောက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်လာတယ်လို့ CDF - CDM - Siyin က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်တွင် စစ်သင်္ဘောများကို ကာကွယ်နိုင်ရေး ဗုံးကြဲမှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်ကမ်းနံဘေး ကျေးရွာ၃ရွာက အရပ်သား ၁၅ ယောက် ထိခိုက်သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် “တစ်ခုတည်းသော ဗဟိုကွပ်ကဲမှု” အောက်တွင် စုစည်းရန် KIO နှင့် NUG ခေါင်းဆောင်များ တိုက်တွန်း

စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုအားလုံး တစ်ခုတည်းသော ဗဟိုအမိန့်ပေးကွပ်ကဲမှုအောက်မှာ စုစည်းညီညွတ်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေက ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးမိန့်ခွန်းတွေက တဆင့်တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

ထိုင်းမြန်မာနယ်စပ်ရှိ မော်ခီးစစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်များ ​ထိုးစစ်ဆင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေဒေသက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် မဲရုံပစ္စည်းများပို့ပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရကာ အများအပြား ထိခိုက်သေဆုံး၊ စစ်ကြောင်းဝင်လာချိန် လူသားဒိုင်းအဖြစ် ဖမ်းဆီးမခံရအောင် ပြည်သူတွေ သတိပြုရှောင်ရှားဖို့ တိုက်တွန်း

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပစ္စည်းတွေ ပို့ဆောင်တဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၂) ၊ တပ်ရင်း(၅)၊ ကမ်းနီကြားဒေသ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။