စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတိုက်ပွဲအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Ranger Kalay Defense Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့က ကြံသာကျေးရွာမှာ Ranger Kalay Defense Force – RKDF တပ်ဖွဲ့ဝင် ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမားဟာ တရားမျှတမှုနဲ့ လူထုလွတ်မြောက်ရေးအတွက် အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ကျဆုံးခဲ့တာဖြစ်ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမားရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်၊ သူ့ရဲ့ နိုင်ငံနဲ့ လူမျိုးအပေါ် အနစ်နာခံပေးဆပ်မှုကို ဂုဏ်ယူလေးစားစွာ ဦးညွှတ်အလေးပြုကြောင်း၊ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။

တပ်ဖွဲ့အနေနဲ့လည်း ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမားကို အစဥ် အောက်မေ့လျက် စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်ဖို့ ကတိသစ္စာပြုတယ်လို့လည်း ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်နဲ့ ပေါက်နယ်အစပ်က သရက်ကန်ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကလေးငယ်များအပါအဝင် အရပ်သား ၂၂ ဦး သေဆုံးခဲ့သည့် ဒီပဲယင်းမြို့နယ် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီက ဆင့်ပွားပေါက်ကွဲသည့် ဗုံးများ အသုံးပြုခဲ့…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၂၂ ဦး သေဆုံးပြီး စစ်ကောင်စီက ဆင့်ပွားပေါက်ကွဲတဲ့ ဗုံးတွေ အသုံးပြုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး အများအပြား ဒဏ်ရာရ….

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) - LPF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ရာထူးကနေ နုတ်ထွက်လိုက်တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အသိပေးထားပါတယ်။
Read More

ခေါပုတ် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားအလောင်း ၁၄ လောင်း ရရှိပြီး စစ်ကောင်စီ ဗိုလ်ကြီး ၃ယောက် အပါအ၀င် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့

ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်သား အလောင်း ၁၄ လောင်းကိုပါ ရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ပါတယ်။