မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနေ့ ညနေ ၅ နာရီလောက်မှာ စစ်တပ်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စစ်ဘေးရှောင်တွေ နေထိုင်ရာ မာလဲရွာစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ စစ်ရှောင်တွေကို ပစ်မှတ်ထားတာလေ။ စစ်ရှောင်တွေကို သက်သက်ကြဲတာ၊ စဥ့်ကူးမြို့ထဲမှာ ထိတွေ့မှု လုံးဝမရှိဘူး။ စကစ က ဝင်ရောက်ခြင်းမှမရှိတာ” လို့ စဥ့်ကူးနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ စာသင်ကျောင်းမှာ မတ္တရာမြို့နယ်ဒေသခံတွေ ခေတ္တလာရောက် တိမ်းရှောင်နေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၃ လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ကလည်း စစ်တပ်က စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာ စာသင်ကျောင်းနဲ့ ညောင်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တာကြောင့် မတ္တရာမြို့နယ်ဘက်ကနေ လာရောက်နေထိုင်တဲ့ စစ်ရှောင်ပြည်သူ ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

(ဓာတ်ပုံ ပေးပို့)

0 Shares:
You May Also Like
Read More

နတ်ရေကန်တာဝါတိုင်စခန်းမှ စစ်သားတစ်ဦး တိုက်ပွဲအတွင်း လက်နက်ချ ထွက်ပြေးကာ အလင်းဝင်

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်တာဝါတိုင်စခန်းကုန်းက စစ်ကောင်စီတပ်သားတစ်ယောက် ထွက်ပြေးကာ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လှိုင်းဘွဲ့ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး မြိတ်ခရိုင် PDF အမှတ် (၃) တပ်ရင်းထံ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့မရဲစခန်းက ရဲတပ်သားတစ်ယောက်ဟာ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အဓမ္မ စစ်မှုထမ်းခိုင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက် Loikaw Local PDF ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Loikaw Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦး တိုက်နယ်ဆေးရုံကို စစ်တပ် အကြောင်းမဲ့ ဗုံးကြဲလို့ ဆေးရုံအဆောက်အအုံများ ပျက်စီးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တမာတောရွာက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံတွေ ပျက်စီးပြီး ဒေသခံ ၁ ယောက်လည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) ရဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

သန္ဓေတပ်သားက စစ်မှုထမ်းတပ်သားကို ကပ်ကြေးဖြင့် ထိုးသတ်

နေပြည်တော်က အမှတ် (၃) စစ်ကြောရေးနဲ့ တည်းခိုးရေးတပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ယောက်ကို သန္ဓေစစ်သားက ကတ်ကြေးနဲ့ ထိုးသွင်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မြဝတီမြို့ထဲ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲရင်း အရပ်ဝတ်နဲ့ BGF တစ်ပွင့်အဆင့် အရာရှိကို မှားခေါ်သွား

ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲမှုတွေ လုပ်နေပြီး ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အမှတ် ၁ ရပ်ကွက်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ နယ်ခြားစောင့်တပ် BGF က တစ်ပွင့်အဆင့်ရှိ ဒုဗိုလ်တစ်ယောက်ကိုပါ မှားပြီး ပေါ်တာဆွဲခေါ်သွားတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။