စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်မှာ လမ်းပိုင်းစိုးမိုးဖို့နဲ့ ရွာမီးရှို့ဖို့  စစ်ကြောင်းထိုးတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာတွေရရှိပြီး စစ်ကြောင်း ပြန်ဆုတ်သွားတယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ဝန်းသိုမြို့ပေါ်ကနေ ထွက်လာတဲ့ ခမရ ၁၂၀ တပ်က စစ်သား၊ ရဲနဲ့ ပျူစောထီးပူးပေါင်း အင်အား ၁၀၀ နီးပါးဟာ မြို့အရှေ့မြောက်မှာရှိတဲ့ ခပ်ချိုကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာကိုဝင်ရောက်စီးနင်းပြီး မီးရှို့ဖို့အထိ ရည်ရွယ်ထားတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေ၊ ၆၀  မမ လက်နက်ကြီးဗုံးသီးတွေနဲ့ ၂ ရက်ဆက် တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

“သူတို့တွေ ရွာထဲစစ်ကြောင်းထိုးလာချိန် ကျနော်တို့က တားဆီးပိတ်ဆို့ထားတယ်။ အဲ့နောက်မှာမှ ပထမတစ်ရက် ဒရုန်းချတယ်။ သူတို့မထွက်ဘူး။ ဒီတော့ ကောလင်းခရိုင် တာဝန်ခံရဲ့ ညွှန်းကြားချက်နဲ့ ကျနော်တို့ တွေ ခရိုင်၊ ပကဖတွေ တပ်ရင်းတွေက ဒရုန်းတွေနဲ့ ထုတယ်။ သူတို့ဘက် ၃ ယောက် ဒဏ်ရာရတယ်။ ၁ ယောက်က ဝမ်းဗိုက်၊ ကျန် ၁ ယောက်က ဒူး၊ နောက် ၁ ယောက်ကတော့ ပေါင်ပါ” လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးတပ်များ နယ်မြေရှင်းလင်းရေးလုပ်ချိန် တွေ့ရှိရသည့် အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သွေးကွက်များ

ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတွေဟာ နိုဝင်ဘာလ ၁၁ ရက် ညပိုင်းမှာ သူတို့အထိုင်ချထားတဲ့ ကျောက်တိုင်ကျေးရွာအထိ ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။

စစ်အုပ်စုဝင်ရောက်လာချိန်မှာ အရပ်သားတချို့ ဖမ်းဆီးခံရတာမျိုးရှိခဲ့ပေမယ့် ပြန်လည်လွတ်မြောက်လာသလို စစ်အုပ်စုက ရွာကို မီးရှို့ဖျက်ဆီးဖို့ရှိတယ်လို့လည်း ဝန်းသိုပကဖ သတင်းတာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုပြန်လည်ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်တွေက အခင်းနေရာဆီ သွားရောက်ရှင်းလင်းရာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေရဲ့ သွေးကွက်တွေနဲ့ အင်္ကျီတချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေက စစ်အုပ်စုတပ်စွဲထားတဲ့ ကျောက်တိုင်တောင်ရိုးကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

“၁၀ရက်နေ့နဲ့ ၁၁ရက်နေ့ တိုက်ခိုက်ခဲ့တာ။ အဓိကကတော့ သူတို့တွေ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို စိုးမိုးချင်လို့ထွက်လာတာ၊ အဲ့မှာ ကျနော်တို့က ပိတ်ဆို့ပြီး လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ချလို့ ပြန်ဆုတ်သွားတာ” လို့ ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ဝန်းသိုမြို့နယ်ပကဖ၊ ကောလင်းခရိုင်တပ်ရင်း ၄၊ မဲကြီးလက်နက်ကြီးအဖွဲ့၊ ဝန်းသိုပကဖဒရုန်းအဖွဲ့နဲ့ ကောလင်းပကဖဒရုန်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယိ။

တော်လှန်ရေးတပ်များ နယ်မြေရှင်းလင်းရေးလုပ်ချိန် တွေ့ရှိရသည့် အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သွေးကွက်များ
တော်လှန်ရေးတပ်များ နယ်မြေရှင်းလင်းရေးလုပ်ချိန် တွေ့ရှိရသည့် အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သွေးကွက်များ
0 Shares:
You May Also Like
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး…

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားရာ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြို့ပေါင်း ၈၀ ကျော် လက်လွှတ်ထားရသည့် စစ်ခေါင်းဆောင် သူ့စစ်တပ်ကို စစ်ပွဲမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုကြဖို့ မှာကြား

စစ်ကောင်စီရဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝဖို့ လိုအပ်ပြီး စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ရွှေကျင်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ဘုန်းကြီးကျောင်းတချို့လည်း ပျက်စီးကုန်တယ်လို့ ပဲခူးခရိုင် ပကဖ တာဝန်ခံက ပြောပါတယ်။ 
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

ရေဖြူအခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ဒေါနတပ်ရင်း၊ တပ်ခွဲ ၆ - ဝေဟင်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတရား ပေါ်တာဆွဲခံရသူ အတူနေ ရဲကိုသတ်၊ သေနတ်ယူကာ အလင်းဝင်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ မတရား ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသူဟာ သူနဲ့အတူနေထိုင်တဲ့ ရဲကို သတ်ပြီး သေနတ်လုယူကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ ထံက သိရပါတယ်။