မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်က လူသားဒိုင်းလုပ် ဖမ်းဆီးထားတဲ့ အရပ်သား ၃ ယောက်ကို ရက်ရက်စက်စက် သတ်ကာ ၂ ယောက်ကို စွန့်ပစ်ထားခဲ့ကြောင်း မြိုင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၁၁ရက်နေ့က မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးရွာကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အရပ်သား ၈ ယောက်ကို လူသားဒိုင်းလုပ် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းဟာ မြိုင်မြို့နယ်အနောက်တောင်ပိုင်းမှာရှိတဲ့ စက်မှု (၂) ခေါ် တကစ တပ်မတော်အကြီးစား စက်ရုံကို သွားရောက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက် မနေ့က မနက်ပိုင်းမှာတော့ စက်မှု (၂) ကနေ ဝက်ပုတ်ကျေးရွာကို ဆက်လက်ထွက်ခွာလာခဲ့ကြောင်း၊ ကျေးရွာကို ရောက်ရှိချိန်မှာတော့ ဖမ်းခေါ်လာသူတွေထဲက အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။

တခြားသောသတင်းရင်းမြစ် အညာမြေတပ်ပေါင်းစုရဲ့ ပြောပြချက်အရ စစ်အုပ်စုအနေနဲ့ သူတို့ဖမ်းဆီးခေါ်ဆောင်လာတဲ့ အသက် ၄၀ နှစ် အရွယ် အမျိုးသမီးနဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားတို့ကို ဝက်ပုတ်ရွာ ဘုန်းကြီးကျောင်းရှေ့မှာ နည်းမျိုးစုံနဲ့ ညှင်းဆဲသတ်ဖြတ်ခဲ့တာလို့လည်း သိရပါတယ်။

စစ်အုပ်စုရဲ့ သတ်ဖြတ်ခြင်း ခံထားရသူတွေဟာ လက်ပြန်ကြိုးတုပ်အနေအထားကိုမှ၊ မျက်နှာတပြင်လုံး ဓားနဲ့မွှန်းခံထားရပြီး ခေါင်းကို သေနတ်တေ့ ပစ်ခတ်သတ်ဖြတ်ခံရတာဖြစ်ကြောင်းနဲ့ လက်ရှိမှာ ၂ ယောက်ရဲ့ အလောင်းကိုသာ တွေ့ရှိသေးကြောင်း၊ ကျန်ရှိနေတဲ့ အမျိုးသားအလောင်း ၁ လောင်းကိုတော့ ထပ်မံရှာဖွေနေရဆဲဖြစ်ကြောင်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။

“၁၁ရက်နေ့က သရက်ကန်ကနေ စက်မှု ၂ ကိုသွားတယ်ပေါ့။ အဲ့မှာ မြေပဲဖော်တဲ့သူတွေကိုပါ ဖမ်းသွားတယ်။ အဲ့ဒါ ၁၂ရက်နေ့ကျ စက်မှု ၂ ကနေ ဝက်ပုတ်ရွာကိုသွားတာ ရွာရောက်တော့ သတ်ပစ်တာပါ။ နွားကျောင်းသား ၃ယောက်ရယ် မြေပဲကောက်နေတဲ့သူ ၂ယောက် အရင်ဖမ်းခံရတာ၊ သူတို့ကပြန်လွတ်တယ်။ မလွတ်တာက အခုအသတ်ခံရတဲ့ အမျိုးသမီးရယ် အမျိုးသား ၂ယောက်ရယ်ပါ။ အမျိုးသား ၁ ယောက်ကတော့ ပြန်မတွေ့သေးဘူး”လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သေဆုံးသူ အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ သာမန်လက်လုပ်လက်စားတွေဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တာမျိုး မရှိဘဲ စစ်အုပ်စုရဲ့ မတရားစွပ်စွဲသတ်ဖြတ်ခံရတာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ စစ်အုပ်စုက ဝက်ပုတ်ရွာအတွင်းက နေအိမ် ၂ လုံးကိုပါ ဝင်ရောက်မီးရှို့ဖျက်ဆီးကာ ပါကာမော်တာနဲ့ ၄ ကြိမ် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့လည်း အညာမြေတပ်ပေါင်းစုက ပြောပါတယ်။

စစ်ကြောင်းဟာ လက်ရှိမှာ မြိုင်စက်မှု ၂ အတွင်းမှာပဲ ရှိနေပြီး ဘယ်ကိုဆက်လက်ထွက်ခွာနိုင်မလဲဆိုတာ မသိသေးသလို အကြမ်းဖက်စစ်ကြောင်းကြောင့် မြိုင်အနောက်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

စစ်အုပ်စု မီးရှို့ခဲ့သည့် နေအိမ်၂ လုံးနှင့် စွန့်ပစ်ခဲ့သည့်အလောင်းများ (ဓာတ်ပုံ အညာမြေတပ်ပေါင်းစု)

0 Shares:
You May Also Like
Read More

နတ်စောင့်ရွာကို ညအိပ်ချိန် စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်နှင့် အမျိုးသမီးများအပါ ၆ ဦး သေဆုံး၊ နေအိမ် ၂၈ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက ညအိပ်ချိန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၆ ယောက်  သေဆုံးပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံံက သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာမှာ အင်အားဖြည့်တင်း တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ စနိုက်ပါနဲ့ တိုက်ခိုက်ခံရပြီး ၁ ယောက် သေ၊ ၁ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ထပ်မံအင်အားဖြည့်တင်းကာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့  ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်၏ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၁ ဦးသေပြီး သေနတ် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး သေနတ် ၁ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ် ၈ နာရီကြာ တိုက်ပွဲဖြစ်ပွား 

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား အပြန်အလှန် ၈နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

စစ်သားတစ်ယောက် ကြက်ဖမ်းရင်း ကိုယ့်မိုင်း ကိုယ်နင်းမိပြီး သေ

အကြမ်းဖက်စစ်သားတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကို သူ့ဘာသာနင်းမိပြီး နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။