ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်သူတွေဟာ ဘန်ကောက်မြို့၊ ဖက်ခနုံအရပ်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာအလုပ်သမား ဗီဇာတိုးဝန်ဆောင်မှု လုပ်ငန်းရဲ့ ငွေတွေကို ခိုးယူသွားတာဖြစ်တယ်လို့ ကာယကံရှင်ဖြစ်သူ လင်းနက သူရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ခိုးယူသူတွေဟာ အဆိုပါ လုပ်ငန်းဦးစီးလုပ်ကိုင်သူ လင်းနနဲ့ သူငယ်ချင်း အရင်းအချာတွေဖြစ်ပြီး အခန်းကို ပုံမှန် လာလည်နေကျသူတွေဖြစ်တာကြောင့် ကွန်ဒိုရဲ့ ဓာတ်လှေကားသော့ကို ပေးထားခဲ့ကြောင်း၊ ဒါပေမယ့် ကွန်ဒိုအခန်းဟာ လက်ဗွေ ဒါမှမဟုတ် Password နှိပ်ဝင်မှသာလျှင် အခန်းထဲ ဝင်လို့ရတာ ဖြစ်တာကြောင့် ကျူးလွန်သူဟာ ဝရံတာမှန်တံခါးကို ဖျက်ပြီး အခန်းထဲဝင်ကာ ဘတ်ငွေ ၁၀ သန်းကို ခိုးယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

“ပုံမှန်ဆို လင်းနက အလုပ်များသူမို့ ရုံးက ခလေးတစ်ယောက်ကို အမြဲ လင်းနနဲ့အတူ ကွန်ဒိုမှာ ခေါ်ထားပြီး လင်းနရဲ့ ဖုန်းကူဖြေခိုင်းတာတွေလုပ်ခိုင်းပြီး ညအိပ်ညနေလဲ ထားတက်ပါတယ် ဒါမဲ့ 9 /11/2025 ရက်နေ့က ရုံးပိတ်ရက်ဖြစ်နေလို့ လင်းနအခန်းမှာ ဘယ်သူမှ အိမ်စောင့်မထားခဲ့တာပါ” လို့ လင်းနက ဆိုထားပါတယ်။

လုပ်ငန်းရှင် လင်းနဟာ အလုပ်ခရီးက အပြန်မှာ အခန်းကို ဖောက်ထွင်းခံလိုက်ရတာကို သိရှိပြီးနောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဖောက်ထွင်းခိုးယူမှု ကျူးလွန်ခဲ့သူ မြန်မာ ၃ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဟိုတယ်တခုမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်သူတွေကို ဖမ်းဆီးရမိချိန်မှာ ငွေသား ဘတ်ငွေ ၈၈ သိန်းသာ လက်ဝယ်ပြန်ရခဲ့ပြီး ကျူးလွန်သူတွေဟာ ရွှေထည်တွေ၊ တန်ဖိုးကြီး ပစ္စည်းတွေ ဝယ်ယူထားတာကို‌ တွေ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျူးလွန်သူ ၃ယောက်ကို ညအချိန် ခိုးမှုကျူးလွန်မှု၊ အဆောက်အဦးကို ဖောက်ထွင်းဝင်ရောက်မှု၊ ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်မှုတွေနဲ့ အမှုဖွင့်ထားကြောင်း ဘန်ကောက်မြို့ရဲတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ  MaMoe/LinNa)

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း NUG ပြော

အကြမ်းဖက် မင်းအောင်လှိုင် ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ တစ်သားတည်းရပ်တည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

ကင်မ်အဲရစ် တီးခတ်ခဲ့သည့် ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဖြင့် လေလံအောင်၊ ရန်ပုံငွေပွဲမှ အမေရိကန်ဒေါ်လာ ၄ သောင်းကျော်အထိ ရရှိခဲ့

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ မတ် ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း နဲ့  မြန်မာလူထုတွေ့ဆုံပွဲမှာ ကင်မ်အဲရစ် တီးခတ်ခဲ့တဲ့ ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဒေါ်လာနဲ့ အမြင့်ဆုံး ဈေးပေးပြီး လေလံ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးဒေသနှင့် တမူးဒေသရှိ စစ်ဆင်ရေး တာ၀န်များ ပြီးဆုံးခဲ့သည့် တိုက်ပွဲပြန် BLDF ရဲဘော်များကို ဒေသခံ ပြည်သူလူထု ဂုဏ်ပြု ကြိုဆို

မန္တလေးဒေသနဲ့ တမူးဒေသရှိ စစ်ဆင်ရေးတာဝန်တွေ ပြီးဆုံးခဲ့တဲ့ တိုက်ပွဲပြန် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းရဲစခန်းမှ နိုင်ကျဥ်း ၁၃ ဦး လွတ်မြောက်မှုအတွက် ရဲတပ်ကြပ် ၂ ဦးကို အချုပ်ခန်းထဲမှာ စစ်ဆေးရင်း သေဆုံးသွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ ပတ်သက်ပြီး အဆိုပါရဲစခန်းက ရဲတပ်ကြပ် ၂ ယောက်ကို ဇွန်လ ၁၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
Read More

ပျူစောထီးရွာကို ပို့ဆောင်မယ့် ရိက္ခာကားကို PDF က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့

မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသူများကို PDF တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံက ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း ထိမှန်ကာ ဆေးရုံရောက်ခါနီးမှ ကျဆုံးခဲ့သည့် ရဲဘော်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ဟာ ဆေးကုသဖို့ သွားနေစဥ် လမ်းခရီးအခြေအနေကြောင့် ဆေးရုံရောက်ခါနီးမှာပင် ကျဆုံးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၄ တပ်ရင်းထံက သိရပါတယ်။