မကွေးတိုင်း၊ မကွေးမြို့ပေါ်ကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ဒီမော့ဆို အခြေစိုက် ခမရ-၄၂၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက် စစ်ကြောင်းကနေ လက်နက်ခဲယမ်းတွေယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ -နေပြည်တော် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ရက်နေ့က ဒီးမော့ဆို အခြေစိုက် ခမရ ၄၂၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား စိုးထက်ကျော်ဟာ ပင်လောင်းမြို့ရှိ ရှေ့တန်းစခန်းတစ်ခုကို သွားရောက်နေချိန် နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ချိတ်ဆက်အလင်းဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။

တပ်သား စိုးထက်ကျော်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတိုက်ခိုက်ရေးအဖွဲ့က သွားရောက်ခေါ်ထုတ်ခဲ့ရတာဖြစ်ပြီး စိုးထက်ကျော်နဲ့အတူ လက်နက်ခဲယမ်းတချို့လည်း ပါဝင်ခဲ့ပါတယ်။

“မကွေးမြို့ပေါ်ကို ဖုန်းသွားဝယ်ပြီးအပြန်မှာ သူ့ကိုစစ်တပ်က ကားပေါ်အတင်းဆွဲတင်သွားတယ်။ အဲ့ကနေ မကွေးစုဆောင်းရေးဌာနကို ပို့လိုက်တာပါ။ အခု အလင်းဝင်ချင်တော့ ကျနော်တို့ နေပြည်တော်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့က သွားခေါ်ထုတ်ခဲ့တာပါ” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူ တပ်သား စိုးထက်ကျော်နှင့် နေပြည်တော်ပကဖတပ်ဖွဲ့ဝင်များ

တပ်သားစိုးထက်ကျော်နဲ့အတူ ဒရုန်းဂန်း (၁)လက်၊ ၆၀မမ ဗုံးသီး (၂)လုံး၊ MA-11 ကျည်ဘောက် (၂)ဘောက်၊ ၅.၅၆ကျည် (၅၀)တောင့်၊ ဆက်သွယ်ရေး စကားပြောစက် (၂)လုံးတို့ ပါဝင်ခဲ့ပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ကာ ဆုကြေးငွေ ပေးအပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

“သူကတော့ အဓမ္မစုဆောင်းခံရတဲ့အချိန်ကတည်းက တော်လှန်ရေးတပ်တွေဆီ ခိုလှုံဖို့ ဆန္ဒရှိခဲ့တယ်။ အဲ့ကတည်းက ချိတ်ဆက်ဖို့ကြိုးစားခဲ့တယ်။ အခုကျနော်တို့ဆီရောက်လာပြီဆိုတော့ သူက ပြည်သူနဲ့အတူ ရပ်တည်မယ်။ ကျနော်ပေးအပ်တဲ့ တာဝန်တွေကို ကျရာကနေ ထမ်းမယ်လို့ပြောပါတယ်။” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -နေပြည်တော် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တပ်သားစိုးထက်ကျော်အပါအဝင် လက်ရှိမှာ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကော်မရှင်တပ်သား (၉)ယောက်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူ တပ်သား စိုးထက်ကျော်နှင့် နေပြည်တော်ပကဖတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် ရွာ ၅ ရွာမှ အရပ်သားများကို မြို့ဝင်ထွက်သွားလာခွင့် စစ်ကောင်စီ တားမြစ်ပိတ်ပင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ စစ်တပ်လက်အောက်ခံ အခြေခံပညာကျောင်းတွေဆီ ကလေးမိဘတွေ ကျောင်းမအပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာ ၅ ရွာကို မြို့အဝင်အထွက် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
Read More

မုံရွာ နမခမှ စစ်ကောင်စီတပ်သား ၃ ဦး မုံရွာ ပကဖ ဆီ လက်နက်မဲ့ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ ပြည်သူပိုင် အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မှာ စစ်တပ်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်နဲ့ ၁၆ နှစ်အရွယ် ကလေးတွေအပါ အရပ်သား (၄) ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေး (၂) ယောက် အပါအဝင် အရပ်သား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းပေးရန် လူမှုကွန်ရက် ပေါ်တက်ရေးသည်ဟုဆိုကာ ရန်ကုန်မြို့နေ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို စစ်အုပ်စု ဖမ်းဆီး

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖမ်းဆီးပေးဖို့ လူမူ့ကွန်ရက်စာမျက်နှာက တဆင့် သရော်ရေးသားခဲ့တယ်ဆိုပြီး  ရန်ကုန်မြို့​နေ ဟင်းလပေးချိုင့်ဆွဲရောင်းချနေသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်လာပါတယ်။
Read More

အမ်းမြို့ကိုသွားတဲ့ စစ်တပ်ရိက္ခာတင်ကား ၃ စီးနဲ့ စစ်ကြောင်းကို ငဖဲမှာ တိုက်ခိုက်၊ စစ်သား ၂၃ ယောက် သေပြီး စစ်ကား ၂ စီးပျက်စီး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ အမ်းမြို့ဘက် ဦးတည်နေတဲ့ အကြမ်းဖက်စစ်တပ် ရိက္ခာတင်ကား ၃ စီးနဲ့ ငဖဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။