စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်အုပ်စုအထိုင်ချနေရာကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၄ ယောက်ထက်မနည်း သေဆုံးပြီး ပကဖတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ကြောင်ရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက ရွှေဘို-မန္တလေးလမ်းပိုင်း၊ တဂဏန်းရွာထိပ်မှာ ဝပ်ကျင်းချ တပ်စွဲနေတဲ့ စစ်အုပ်စုတွေကို ရွှေဘိုမြို့နယ်ပကဖနဲ့အတူ နယ်မြေခံပကဖတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်အုပ်စုဟာ ရွှေဘိုမြို့တောင်ဘက်အထွက်မှာ အထိုင်ချတပ်စွဲထားတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းက ဖြစ်ပြီး ပကဖတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ၁နာရီကြာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ရင်း အထိနာတဲ့ စစ်အုပ်စုက  ရှားတောကျေးရွာဘက် ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီနောက် ပကဖတပ်တွေက တဂဏန်းရွာကို ဝင်ရောက်ပြီး နယ်မြေရှင်းလင်းမှု လုပ်ဆောင်ချိန်မှာ ကျေးရွာ ဘုန်းကြီးကျောင်းထဲ ကင်းပုန်းချထားတဲ့ လက်ကျန်စစ်အုပ်စုတွေနဲ့ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကြောင်ရိုင်း-ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖော်ဆောင်နေစဥ်

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ရွှေဘိုတောင်ဘက် မုဒ်ပေါက်စစ်အုပ်စုဆီကနေ  ၆၀ မမ၊ ၈၁ မမ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ကူပေးခဲ့ပါသေးတယ်။ အဆိုပါထိတွေ့မှုမှာ စစ်အုပ်စုဘက်က ၄ ယောက် သေဆုံးပြီး ပကဖတပ်ဖွဲ့ဝင် ၁ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“တဂဏန်းရွာက ရွှေဘို-မန္တလေးလမ်းဘေးတင်ရှိတာ၊ ရွှေဘိုတောင်ဘက်မုခ်နဲ့လည်း မဝေးဘူး။ စစ်ကြောင်းလည်း ခဏခဏထိုးတယ်ပေါ့။ တိုက်ပွဲပြင်းထန်တယ်ပြောရမယ်။ စစ်ကြောင်းက ရွှေဘိုထဲကို ပြန်ဝင်တော့ တဂဏန်းမှာ ၃၀ ကျော်ရှိတယ်။ စခဘက် ထိခိုက်ဒဏ်ရာရတာများတယ်။ သူတို့ဘက်က ပစ်ပြီးမကွဲတဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးကျည်ကို ကပ်ကြီးကိုက်ပြီး ပြန်ပစ်တာက သူတို့ဘက် တော်တော်လေးထိခိုက်သွားပါတယ်” လို့ ကြောင်ရိုင်း-ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါအကြမ်းဖက်စစ်အုပ်စုကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖ တာဝန်ခံရဲ့ စီမံကွပ်ကဲမှုနဲ့အတူ မြို့နယ် (PDO) တိုက်ခိုက်ရေးအဖွဲ့၊ ကြောင်ရိုင်း-ရွှေဘို ပကဖ အဖွဲ့၊ တိုက်နယ် (၁၊၂၊၃၊၅) ပကဖတိုက်ခိုက်ရေးအဖွဲ့တွေနဲ့  နယ်‌မြေခံ ပကဖတွေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရွှေဘိုမြို့တောင်ဘက်၊ ရွှေဘို-မန္တလေးလမ်းပိုင်းကို စစ်အုပ်စုက (၁)လကျော်ကြာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း ရွှေဘိုမြို့နယ် ပကဖအဖွဲ့ဝင် ရဲဘော်(၇) ယောက်အထိ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကြောင်ရိုင်း-ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖော်ဆောင်နေစဥ်
ကြောင်ရိုင်း-ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖော်ဆောင်နေစဥ်
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမှာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ရ

စစ်ကောင်စီ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုခရွဲကျေးရွာဘုန်းကြီးကျောင်းက ဦးပဇ္ဇင်းတစ်ပါး ပျံလွန်ပြီး နှစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်မှုထမ်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်ကောင်စီတပ်သား မြိုင် ပကဖ ထံ လက်နက်နှင့်တကွ ပူးပေါင်း

ပခုက္ကူမြို့အခြေစိုက်၊ ခြေမြန်တပ်မဌာနချုပ် (၁၀၁)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ဟာ မြိုင်ပကဖ ၊ တပ်ရင်း၁ - တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာခဲ့တယ်လို့ မြိုင်ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က ၆ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၆ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်များအတွက် အသက်ကယ် စစ်ပစ္စည်းများ သွားရောက်ပေးအပ် (ဓာတ်ပုံသတင်း)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ ရဲဘော်တွေအတွက် အသက်ကယ် စစ်အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လူငယ်များနှင့် မိသားစုများကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး စစ်မှုထမ်းခိုင်းခြင်းသည် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်း NUG ပြော

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး လူငယ်တွေနဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက် အကြပ်ကိုင် စစ်မှုထမ်းခိုင်းတာဟာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ "အဓမ္မစစ်မှုထမ်းစေခြင်း - မြန်မာနိုင်ငံရှိ အတင်းအကျပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာစစ်တပ်ပိုင် Mytel ကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ အကျိုးအမြတ်များစွာ ပါဝင်ပတ်သက်နေတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။