အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးအဖြစ် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံတွေ သုံးစွဲဖြန့်ဝေတဲ့ Money Flow လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်‌ ၄ ဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်တဲ့အနေနဲ့ Money Flow ခေါ် ရွေးကောက်ပွဲဆန့်ကျင်ကြောင်း စာသားတွေပါတဲ့ ပိုက်ဆံတွေကို လူထုကြား ငွေကျပ်သိန်း ၅၀ ဖိုးနီးပါး ဖြန့်ဝေသုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံတွေကို ပြည်သူတွေအချင်းချင်း ဖြန့်ဝေသုံးစွဲရင်း စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးကို အတူပူးပေါင်းပါဝင်ပေးကြဖို့လည်း ရန်ကုန်တော်လှန်ညီနောင်‌ ၄ ဖွဲ့က တိုက်တွန်းထားပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်က သူတို့ရဲ့ အတု‌အယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူ အယောက် ၁၀၀ ခန့်ကို မတရားဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့အနေနဲ့လည်း အတုအယောင်ရွေးကောက်ပွဲကို မြေပြင်နေရာစုံကနေ ရရာနည်းလမ်းမျိုးစုံနဲ့ သပိတ်တိုက်ပွဲတွေအဖြစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဇူလိုင်လအတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးကို အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၁၄၀ ဦးရှိဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၀၄ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင်အတွင်း ဆိုင်ကယ်နောက်မှာ အမျိုးသား လိုက်ပါစီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်ထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ယောက် စီးနင်းတာနဲ့ အမျိုးသမီးတွေနောက် အမျိုးသားတွေလိုက်ပါ စီးနင်းတာမျိုးမလုပ်ဆောင်ကြဖို့ စစ်ကောင်စီ တားမြစ်လိုက်တာဟာ အရပ်သား​​​တွေ အခက်တွေ့အောင်လုပ်ဆောင်တာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဧရာဝတီတိုင်းထဲ ရခိုင်ဘက်ကနေ ဝင်လာမယ့် စစ်ရှောင်တွေကို အကြမ်းဖက်စစ်တပ်ဂိတ်တွေမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေ

ဧရာဝတီတိုင်းထဲက ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်းမြို့နယ်တွေက ကားလမ်းတွေပေါ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်တွေ ဝင်လာတယ်ဆိုပြီး ခရီးသွားတွေနဲ့ ကုန်တင်ယာဥ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေက နိုဝင်ဘာလ ၂၁ရက် ဒီနေ့ မနက်…
Read More

နေပြည်တော် PDF တပ်ရင်း ၈၀၅ က ရဲဘော် ၉၀ ဦးအတွက် ကျည်ကာအစုံ ၉၀ ဝယ်ယူတပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထနောင်းစစ်ကြောင်း၊ နေပြည်တော် PDF တပ်ရင်း ၈၀၅ က ရဲဘော် အယောက် (၉၀) အတွက် တိုက်ပွဲဝင်ဖို့ ကျည်ကာတွေ ဝယ်ယူပြီးစီးကြောင်း ဓာတ်ပုံတွေနဲ့အတူ အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျောက်ကြီးနှင့် ရွှေကျင်တွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် (၄) နှစ်အရွယ် ကလေးငယ်အပါ ပြည်သူ (၅) ဦး သေဆုံး၊ (၂၅) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၅) ယောက် သေဆုံးပြီး (၂၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ် ပကဖရဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းအခြေစိုက် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ရဲ့ လက်နက်တင်ဆင်ခြင်း စက်တင်ဘာ ၂၀ ရက်က တပ်ရင်း စခန်းနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ပေါက်မြို့နယ် ပကဖက ဒီနေ့ ထုတ်ပြန်ပါတယ်။