ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အမျိုးသမီးအကျဥ်းဆောင်ကို အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင်က နိုင်ငံရေးအကျဥ်းသူတစ်ယောက်ကို မတရားသဖြင့် တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင်ဟာ အကျဥ်းထောင် အမျိုးသမီးအဆောင် (၆) ရှိ အပေါ်ထပ် အခန်း (၄) မှာ ပုဒ်မ ၅၂ (က) နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ကျဥ်းသူ မမေသူနိုင်ကို မနက် ဘုရားရှိခိုးချိန်မှာ အိပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်အားသုံးကာ အဆောင်ထဲကနေ ခေါ်ဆောင်ပြီး တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။

မမေသူနိုင်ဟာ နေမကောင်းဖြစ်နေတာကြောင့် မနက် ၅နာရီ ဘုရားရှိခိုးချိန် မထနိုင်ဘဲ လဲလျောင်းနေတာဖြစ်ပြီး ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင်ကတော့ ဒီလိုအိပ်စက်မှုဟာ စည်းကမ်းဖောက်ဖျက်တာဖြစ်တယ်ဆိုကာ ဥပဒေမဲ့ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တာဖြစ်တယ်လို့ PPNM က ဆိုပါတယ်။

PPNM ရဲ့ မှတ်တမ်းတွေအရ ဒေါ်ဇင်မာကြည်အောင် တာဝန်ယူထားတဲ့ ကာလအတွင်း ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဥ်းသူ အနည်းဆုံး အယောက် ၃၀ ဟာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှု၊ ရိုက်နှက်မှုတွေအပြင် ဥပဒေမဲ့ တိုက်ပိတ်ပြစ်ဒဏ်တွေပါ ခံခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းဆင်း စစ်သား ၁ ဦး မော်လမြိုင် ရှေ့တန်း ပို့ဆောင်ခံရချိန် လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ထွက်ပြေးအလင်းဝင်လာ…

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရှေ့တန်းကို ပို့ဆောင်ခံရချိန် စစ်မှုထမ်းဆင်း စစ်သား ၁ ယောက် လက်ပစ်ဗုံး ၂ လုံးနဲ့အတူ ထွက်ပြေးအလင်းဝင်လာတယ်လို့ People Defence Force - Chauk - သခင်ဖိုးလှကြီးတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

NUG က ငလျင်ဒဏ်သင့် စိုးမိုးနယ်မြေများတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ၊ ငလျင်ဒဏ်သင့်ဒေသများကို နိုင်ငံတကာ ကူညီပေးဖို့ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတဝန်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။
Read More

စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၁၁ ယောက်ကို လက်နက်တွေနဲ့အတူ CDF-Asho ဖမ်းဆီးရမိ

စစ်ကောင်စီတပ် အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ဒေသ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) ထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၅၉ ဦး သေဆုံးခဲ့…

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ရွှေစျေးနှုန်းထိန်းချုပ်ရေးက မှောင်ခိုစျေးကွက်ကိုသာ ကြီးထွားစေနိုင်

စစ်ကောင်စီက ရွှေစျေးကွက်ကို ဝင်ထိန်းပြီး ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရမယ်လို့ ပြောလာခြင်းက ပြင်ပမှောင်ခိုစျေးကွက်ကိုသာ ကြီးထွားလာစေန်ိုင်ကြောင်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
Read More

စလင်းမြို့နယ်တွင် သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်၊ စစ်သား ၃ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိ…

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။