စစ်ကော်မရှင်ကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ အတုအယောင် ‌ရွေးကောက်ပွဲကို လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ပြည်တွင်းမှာရှိတဲ့ နာမည်ကြီး အနုပညာရှင်အားလုံး အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကြော်ငြာဆိုင်းဘုတ်ရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။

ပြည်သူတွေ လက်မခံကြတဲ့ စိတ်မဝင်စားကြတဲ့ ရွေးကောက်ပွဲအတုကို စိတ်ပါလာအောင် စစ်တပ်ရဲ့ စေခိုင်းမှုနဲ့အတူ ဒိတ်ဒိတ်ကြဲ အနုပညာရှင်များစွာက ရွေးကောက်ပွဲ ဝါဒဖြန့်စာသားတွေ ရွတ်ခဲ့ကြပါတယ်။

“ရိုက်ကူးတဲ့ ပုံစံက နောက်မှာ Backdrop ထောင်ပြီး သရုပ်ဆောင်တွေက Backdrop ရှေ့မှာ ရိုက်ကူးရေးလုပ်ရတယ်။ ဘာတွေလုပ်ရလဲဆိုတော့ ရွေးကောက်ပွဲစာသားတွေ ရွတ်ရတာ။ Backdrop က အဖြူရောင်အောက်ခံမှာ Logo တွေ စာသားတွေက အစိမ်းတွေချည်းပဲ။ ကြည့်လိုက်တာနဲ့ ထင်းကနဲဆို ကြံ့ဖွတ်ဆိုတာ တန်းမြင် တန်းသိအောင် လုပ်ထားတဲ့အတိုင်း.. တကယ့်အစိမ်းပဲ” လို့ ရွေးကောက်ပွဲဝါဒဖြန့် ရိုက်ကူးရေးနဲ့ နီးစပ်သူက ပြောပါတယ်။

နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်၊ ခင်ဝင့်ဝါ၊ မိုးဟေကို စတဲ့ အနုပညာရှင်တွေရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့် ဗီဒီယိုဖိုင်ကို မနေ့ညကပဲ စစ်တပ်ပိုင် ရုပ်သံနဲ့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ထုတ်လွှင့် ဖြန့်ဝေခဲ့ပါတယ်။

သရုပ်ဆောင် အများစုကတော့ ပရိသတ်ရဲ့ ဝေဖန်မှု ခံရတော့မှာကို သိနေတာကြောင့် သိပ်ပြီး ကြည်ကြည်လင်လင် မရှိကြဘူးလို့ အဆိုပါ ရိုက်ကူးရေးတွေနဲ့ နီးစပ်သူက ဆိုပါတယ်။

“ဝိုင်း (ဒါရိုက်တာ) က အတက်ကြွဆုံးဖြစ်နေတာ။ သရုပ်ဆောင် တော်တော်များများက နည်းနည်း ဘူနေကြတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်အဆဲခံရမှာရော၊ တဖက်ကလည်း ဖိအားနဲ့ မပါရင် မလုပ်ရင် ဖမ်းမယ်ဆိုတဲ့ ကြားထဲမှာဆိုတော့.. မျက်နှာတွေက မကြည်မလင်ဖြစ်နေတာ၊ ဒီလိုအခြေအနေမျိုးမှာ ဝိုင်းက မျက်နှာလေးကို အကြည်ဓာတ်လေး ဖြစ်အောင် လုပ်ပေးပါဦး၊ တက်ကြွတဲ့ပုံစံဖြစ်အောင် ဟိုလိုလေး လုပ်လိုက်ပါဦး၊ ဒီလိုလေး လုပ်လိုက်ပါဦး ဖြစ်နေတာ.. သူအတက်ကြွဆုံး။ ဒုတိယအတက်ကြွဆုံးကတော့ အခုကာလမှာ အကယ်ဒမီတွေ ရနေတဲ့ ဝင်းလွင်ထက်။ သူလည်း ဒီအတိုင်းပဲ။ သူတို့ပြီးရင်တော့ မီးပွားနဲ့ သြရသပဲ” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီလို ပြည်တွင်းအနုပညာရှင်များစွာ စစ်တပ်အလိုကျ ရွေးကောက်ပွဲ ဝါဒဖြန့်ပေးမှုနဲ့ ပတ်သက်ပြီး နီးရာဓား ကြောက်ရလို့ပါ၊ အတင်းအဓမ္မ စေခိုင်းခံရလို့ပါ ဆိုပြီး နားလည်ပေးနေသူတွေ ရှိသလို တော်လှန်အနုပညာရှင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ကိုယ်မြတ်နိုးတဲ့ ဂီတအသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ကာ အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ခဲ့သူ အဆိုတော် လင်းနစ်ကတော့ “ဒီလိုတွေဖြစ်လာမယ်ဆိုတာ ရိုးရိုးလေးတွေးရင်တောင် သိနိုင်တဲ့အခြေအနေမျိုးမှာ အောင်မြင်မှုနဲ့ ချမ်းသာကြွယ်ဝမှုကို ဦးစားပေး ရွေးချယ်ခဲ့ကြပြီးပြီပဲ။ အခုမှ ပြည်တွင်းမှာမို့ ကြောက်ရလို့ သူတို့ခိုင်းသမျှ လုပ်ရပါတယ်ဆိုတာမျိုးက လွယ်လွန်းတဲ့ ဆင်ခြေတွေပါ။ ပြည်သူက အပြစ်ပေးရင်လည်း ခံလိုက်ကြတော့ပေါ့။ ဒီလို ပြောရရေးရတာလည်း ချစ်ခြင်းမုန်းခြင်း အလျင်းမရှိတော့သလို ကိုယ်ရေးကိုယ်တာလည်း မပါဝင်ပါဗျာ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

KNDF အမှတ် (၁၄) တပ်ရင်းမှ ကျဆုံးရဲဘော်အား အလေးပြုခြင်းနှင့် သေနတ်ပစ်ဖောက် ဂုဏ်ပြုခြင်း

ကျဆုံးရဲဘော် ခူးဟားရယ်ဟာ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ရင်း အောက်တိုဘာလ ၁၆ ရက်က ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့ပေါ်တွင် တားမြစ်ပိတ်ပင်ထားသည့် မူးယစ်သေစာနှင့် အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနဲ့ အရက်၊ ဘီယာတွေကို ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီ ပကဖ လေကြောင်းရန်ကာကွယ်ရေး သင်တန်းပေး (ဓာတ်ပုံသတင်း)

ကနီမြို့နယ်အတွင်း ပြည်သူအခြေပြု စာသင်ကျောင်းတွေမှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးနဲ့ လက်တွေ့သရုပ်ပြသင်တန်း လေ့ကျင့်ပေးမှုတွေကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ကြောင်း ပကဖအသံက ဖော်ပြထားပါတယ်။
Read More

တောင်သာမြို့နယ် သူကြီးအိမ်တွင် တပ်စွဲထားသည့် စစ်အုပ်စုအား PDF ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၅ ဦး ဒဏ်ရာပြင်းထန်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်အုပ်စု ခြေကုပ်ယူတပ်စွဲထားတဲ့ တမိုက်သားကျေးရွာ သူကြီးအိမ် တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ စစ်အုပ်စုက အရပ်သားလူငယ် ၁၁ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း -၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် 96 Soldiers PDF – တောင်ပိုင်းတိုင်း ရဲဘော်တွေ ဓာတ်ပုံကမ်ပိန်း ပြုလုပ်

ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် 96 Soldiers PDF - တောင်ပိုင်းတိုင်းက ရဲဘော်တွေဟာ အွန်လိုင်းဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်ဒိုနှင့် မူးမြို့တို့မှာ ပြည်သူ ၁ဦး သေဆုံးပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်က အပြစ်မဲ့ အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၇) လုံးပျက်စီးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။