စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး တပ်မ (၃၃) စစ်ကြောင်းမှူးအပါအဝင် စစ်သား အယောက် ၅၀ နီးပါး သေဆုံးကာ စစ်သုံ့ပန်း ၁၅ ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်ကနေ ခင်ဦးမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို နိုဝင်ဘာလ ၁၂ ရက် ဒီနေ့မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်လိုက်တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ အများအပြားရှိခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူတွေ၊ ကိုယ်လွတ်ရုန်းထွက်ပြေးသူတွေလည်း များပြားခဲ့သလို သေနတ် ၁၈ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကိုလည်း တော်လှန်ရေးတပ်တွေ ရရှိခဲ့ပါသေးတယ်။

တိုက်ပွဲမှာ စစ်ကိုင်းတပ်မ ၃၃ က စစ်ကြောင်းမှူးအပါ သေဆုံးအယောက် ၅၀ နီးပါးရှိကြောင်း သတင်းရင်းမြစ်အရသိရပြီး မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တပ်မ ၃၃ ဦးဆောင်တဲ့ စစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် ၃ တပ်ရင်း (ခင်ဦး )/ရေဦး ပကဖ (ဓူဝံ) /ရေဦး ပကဖ လက်ရုံးတပ်တို့နဲ့အတူ ရွှေဘိုခရိုင် အမှတ် ၂၅ တပ်ရင်း TPC တပ်ခွဲ ၃ တို့က စစ်ကြောင်းဖွဲ့စည်းပုံ ပျက်သွားတဲ့အထိ ကြားဖြတ်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ နိုဝင်ဘာ ၁၁ရက်၊ မနေ့က မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းကျေးရွာတွေကို ကန့်ဘလူနဲ့ ရေဦးမြို့တို့ကနေ စစ်ကြောင်း၂ခုခွဲ ထိုးလာတာဖြစ်ပြီး ရှားတောနဲ့ ငါးရုံကြီးရွာတွေမှာ တပ်စွဲခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။

အဆိုပါ စစ်ကြောင်းကြောင့် ငါးရုံကြီး၊ ရှားတော၊ ကျောက်တိုင်၊ ကျီစု၊ မုံလှ၊ သာဝတ္ထိ၊ မြင်းကျ၊ သရက်တော၊ ကင်းပြစ်၊ ကျွန်း‌တောလေး(ဥယျာဉ်)၊ ကျွန်း‌တောကြီး၊ မန်ကျီးအုပ်၊ ယာတော်၊ မြင်းဒေါင်း၊ သရက်ပင်ပင်စု၊ သက်သာပန်းတောင်းစတဲ့ ကျေးရွာတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၀ရက် ညပိုင်းနဲ့ ၁၁ရက် နေ့လယ်ပိုင်းတွေမှာ ခင်ဦးမြို့နယ် အရှေ့ခြမ်း ပေါက်အိုင်ကျေးရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ယောက် သေဆုံးပြီး ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဓူဝံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေဦး ထုတ်ပြန်ထားသည့် အကြမ်းဖက်စစ်ကြောင်းထံမှ ရရှိသည့် လက်နက်များနှင့် စစ်သုံ့ပန်းများ (ဓာတ်ပုံ ဓူဝံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေဦး)

0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ချင်းညီနောင် ခေါင်းဆောင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလအပါအဝင် NUG အစိုးရအဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ကို ချင်းညီနောင်ခေါင်းဆောင်တွေ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် (TRI) ဗျူဟာ မှ PDF ရဲဘော် ၁ ဦးကျဆုံး၊ ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကူအညီပေးနိုင်ရေး လုပ်ဆောင်နေဟု TRI ဗျူဟာ ပြော

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ဒဏ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ TRI ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီက ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်တွင် ခရစ်ယာန်ဘုရားကျောင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝထိန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာမှာ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။