စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်က တဂဏန်းရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သားတွေ အထိအခိုက်များခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက ရွှေဘိုမြို့တောင်ဘက် ရွှေဘို-မန္တလေးလမ်းပိုင်း တဂဏန်းရွာထိပ်မှာ တပ်စွဲထားတဲ့ တပ်မ ၃၃ လက်အောက်ခံ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၂၀ ခန့်ကို တော်လှန် ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၁ နာရီကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ အထိအခိုက်များကာ ရှား တောကျေးရွာဘက် ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တဂဏန်းရွာအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ် ဘုန်းကြီးကျောင်းအတွင်း ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ယောက်သေဆုံးကာ ပကဖရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖ တာဝန်ခံရဲ့ စီမံကွပ်ကဲမှုနဲ့ မြို့နယ် (PDO) တိုက်ခိုက်ရေးအဖွဲ့၊ ကြောင်ရိုင်း-ရွှေဘို ပကဖ အဖွဲ့၊ တိုက်နယ် (၁၊၂၊၃၊၅) ပကဖတိုက်ခိုက်ရေးအဖွဲ့တွေနဲ့ နယ်‌မြေခံ ပကဖတွေ ပူးပေါင်းလုပ်‌ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုမြို့တောင်ဘက် ရွှေဘို-မန္တလေးလမ်းပိုင်းကို စစ်အုပ်စုက ၁ လကျော်ကြာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း ရွှေဘိုမြို့နယ် ပကဖအဖွဲ့ဝင် ရဲဘော် ၇ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Video – ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG/ကြောင်ရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သားများ တင်ဆောင်ထားသည့် လှေကို RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၈ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း ကြက်စားပြင်ရပ်က ဆိပ်ကမ်းဘောတံတားမှာ စစ်ကောင်စီတပ်သားတွေ တင်ဆောင်ပြီး ကမ်းကပ်ထားတဲ့ လှေ ၁ စီးကို ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက RPG နဲ့ ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။
Read More

မလှိုင်မြို့နယ် သရက်ကောင်းပင်ရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၆ ရက် ညနေပိုင်းက Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် - ၈ တပ်ရင်းထံက သိရပါတယ်။
Read More

ဖာပွန်မြို့၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်က စစ်တပ်မိသားစုဝင်များကို လူသားတံတိုင်းပြုလုပ်နေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာချုပ်-စဗခ ၁ တပ်အတွင်း စစ်တပ်က စစ်တပ်မိသားစုဝင် ၂၀၀ ခန့်ကို သေနတ်ပစ်သင်ပေးကာ လူသားဒိုင်းကာ အဖြစ် အသုံးပြုပြီး ခုခံနေတယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့နယ် အင်မထီးပျူစခန်းနဲ့ ကံဒေါင့်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၁၀၀ ကျော်ကြဲချတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံ အများအပြားသေ(ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးပျူစခန်းနဲ့ ကံဒေါင့်ရဲစခန်းကို စက်တင်ဘာလအတွင်း ဒရုန်းနဲ့ ဗုံးသီး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ သေဆုံးခဲ့တယ်လို့  Eagle Wings Drone Force  ထံက သိရပါတယ်။