ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ကာ ပြည်သူများစွာကို သေစေခဲ့မှုအတွက် ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက် မနေ့ည ၉ နာရီကျော်မှာ အကြမ်းဖက်စစ်တပ်က မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှာရှိတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဆေးရုံကြီးတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ပတ်ဝန်းကျင်က လူနေအိမ်တချို့ပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ၃လသားအရွယ် ကလေးငယ် အပါအဝင် အမျိုးသမီး ၁၇ ယောက်၊ အမျိုးသား ၁၆ ယောက်၊ အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၃၃ယောက် ပွဲချင်းပြီး သေဆုံးခဲ့ကာ ကိုယ်ဝန်ဆောင် အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေနဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ၇၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကာလအတွင်း လူသားချင်းစာနာမှုအကူအညီတွေအပါအဝင် အခြေခံဆေးဝါးတွေ ပိတ်ဆို့ဖြတ်တောက်ခံထားရချိန် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံကြီးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဟာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထဲမှာ “အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုကြီးတစ်ခု” ၊ “အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုအများဆုံးဖြစ်စဥ်တစ်ခု” ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို ဆေးကုသမှုခံယူနေတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေ ပြစ်မှုကျူးလွန်ခံရခြင်းနဲ့ ပတ်သက်ပြီး တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ တရားမျှတမှုရတဲ့အထိ ဆောင်ရွက်သွားမှာဖြစ်သလို ပြစ်မှုကျူးလွန်သူ၊ ကျူးလွန်ရန် စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနှံ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ နေ့စဥ်ရက်ဆက်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျးလွန်နေမှုတွေကို နိုင်ငံတကာအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကျောင်းပေးဖို့လည်း အကူအညီတောင်းခံထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်ထဲက စစ်​​ကောင်စီဂိတ်စခန်းတွေ တစ်ရက်တည်း တိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်းသေ

မကွေးတိုင်း၊ စလင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရှိနေတဲ့ နေရာ  ၄ ခုကို ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ယောက်ထက်မနည်း သေဆုံးကြောင်း မင်းဘူးခရိုင်၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကန်ချနပူရီနယ်စပ်တွင် မြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်း ၂၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဆိုင်ယော့က စွန့်ပစ်ဓာတ်ဆီဆိုင်ဟောင်းတခုမှာ ရပ်ထားတဲ့ ပစ်ကပ်ကားပေါ်မှာ မြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်း ၂၅ ယောက်ကို နိုဝင်ဘာလ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ 
Read More

အညာဒေသ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် လေကြောင်းရန်ကာကွယ်နိုင်ဖို့ စကားပြောစက်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
Read More

ဖားကန့်တိုက်ပွဲအတွင်း စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်ရာ ၆လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

မိုင်းထွက်ရှင်းတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အပါ ၅ ယောက် သေ၊ တပ်ကြပ်အလောင်းကို ပစ်ထားခဲ့လို့ တော်လှန်ရေးရဲဘော်တွေ မီးသဂြိုဟ်ပေးခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာ ရိက္ခာထောက်ပို့ယာဥ်တန်းအတွက် မိုင်းထွက်ရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူ အပါအဝင် ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။