ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်မှာ ပြည်သူတွေကို ရိုက်နှက်ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက် နယ်ထိန်းရဲကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၁၁ရက် မနေ့က မနက်အစောပိုင်းမှာ မြစ်ကျိုးတိုက်နယ် နယ်ထိန်းရဲ ဇင်မင်းသူ (ခ) ကြက်ကုလား ဆိုသူကို မြစ်ကျိုးရဲစခန်းနဲ့ ကိုက် ၁၀၀ သာ ကွာဝေးတဲ့ မြစ်ကျိုးဈေးနားမှာ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒေသခံတွေက ဒီနယ်ထိန်း မိုက်ရိုင်းတယ်။ သောင်းကျန်းနေတယ်ဆိုပြီး အစ်ကိုတို့ ပကဖကို လှမ်းတိုင်တဲ့အတွက် အစ်ကိုတို့က ပြန်လေ့လာတယ်။ သေချာစုံစမ်းကြည့်တော့ သူက မြစ်ကျိုးတဝိုက်မှာ ကြက်ဝိုင်း၊ လောင်းကစားဝိုင်းတွေ ထောင်တယ်။ ပြီးတော့ ရတဲ့ ငွေတွေကို စစ်တပ်ကို ထောက်ပံ့တယ်။ ပြီးရင် ဆိုင်ကယ်တွေဖမ်းတယ်။ နောက် မသင်္ကာတာနဲ့ လူတွေကို ဖမ်းပြီး စစ်ဆေးရိုက်နှက်တယ်။ PDF တို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကို ဖမ်းဆီးတာတို့ စုံစမ်းတာတို့ လုပ်တယ်။ အဲဒါကြောင့် အခုလို ရှင်းလိုက်ရတာပါ” လို့ ဝေါမြို့နယ် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် မြစ်ကျိုးတိုက်နယ် နယ်ထိန်းရဲ ဇင်မင်းသူ (ခ) ကြက်ကုလား

ပြည်သူလူထုအပေါ် အနိုင်ကျင့် ဒုက္ခပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေ၊ စစ်တပ်လက်ပါးစေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုယ်တိုင် ဝေါမြို့နယ် ပကဖထံ တိုင်ကြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

“သူ့ကို ပစ်လိုက်တဲ့အချိန်မှာ ခေါင်း ၁ချက်၊ ဝမ်းဗိုက် ၃ချက်ပေါ့နော်။ ချက်ချင်း မသေဘူးလို့တော့ ပြောတယ်။ ဒါပေမယ့် အစ်ကိုတို့အဖွဲ့ လုပ်အပြီးမှာတော့ သူက မှောက်ပြီးတော့ အသက်တောင် မရှူတော့ဘူး။ အဲ့ဒါနဲ့ ဖုန်းကို ယူခဲ့လိုက်တယ်။ ဒါ သူတို့ကတော့ ဘယ်လိုအသံလွှင့်လဲ မသိဘူး။ ဆေးရုံသွားပို့တယ်ဆိုပြီး ညနေပိုင်းလောက်မှာ သေသွားပြီဆိုပြီး ထပ်သတင်းကြားရတယ်” လို့ အထက်ပါ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

NUG အစိုးရက ရေဘေးသင့် ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေ ဆက်လက် ထောက်ပံ့ပေးနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေကို ကူညီကယ်ဆယ်ရေးနဲ့ ဒေသခံပြည်သူတွေကို ရေဘေးလွတ်ရာ ရွေ့ပြောင်းရေးနဲ အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးတဲ့ လုပ်ငန်းတွေကို မြို့နယ်တာဝန်ခံတွေကတဆင့် ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read More

တောင်ခမ်းက စစ်ကောင်စီရဲ့ အမြောက်တပ် လက်နက်တိုက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုက၊တောင်းခမ်းဒေသ (၃၅၄) စစ်ကောင်စီရဲ့ အမြောက်တပ်ထဲ လက်နက်ကြီး ကျရောက်လို့ စစ်ကောင်စီရဲ့ လက်နက်တိုက် မီးလောင်ကျွမ်းခဲ့တယ်လို့ TNLA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

ရန်ကုန်တွင် မနေ့ညက ၃ ကြိမ် ငလျင်လှုပ်ခဲ့ပြီး ဒီမနက် ၁ ကြိမ် ထပ်မံလှုပ်ခတ်

ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟု ဆို

နေပြည်တော်မှာ တပ်မတော်နေ့အတွက် စစ်ရေးပြ ချီတက်ဖို့ လေ့ကျင့်နေတဲ့ စစ်သားတချို့ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံ သိရပါတယ်။ 
Read More

ငြိမ်းချမ်းရေးလမ်းစဥ် အကြိမ်ကြိမ် သွားခဲ့ဖူးပေမယ့် နောက်ဆုံးမှာ ကိုယ့်အခွင့်အရေး ကိုယ်ရဖို့ လက်နက်ကိုင် တိုက်ယူရကြောင်း KNLA ဒုတိယစစ်ဦးစီးချုပ် ပြော စစ်တိုက်တာ မကြိုက်ပေမယ့် တခြားနည်းလမ်း မရှိဘူးဟုဆို

“ကျနော်တို့လူမျိုးရဲ့ အခွင့်အရေးကို သွေး၊ ချွေး၊ အသက်နဲ့ရင်းပြီးတော့ တိုက်ယူရတယ်။ တခြားနည်းလမ်း မရှိဘူး။ ဆိုလိုတာက ကျနော်တို့ စစ်တိုက်တာကို ကြိုက်လို့မဟုတ်ဘူး။ စစ်သားအနေနဲ့ စစ်တိုက်တာ ကြိုက်လို့တော့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလမ်းစဥ်ကို ကျနော်တို့ အကြိမ်ကြိမ် သွားခဲ့ဖူးပြီးပြီ။ နောက်ဆုံးတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ပဲ ကျနော်တို့ရဲ့ တပ်ကို ထူထောင်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်ပြီး တိုက်ယူရတာဖြစ်တယ်။”
Read More

နေပြည်တော်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးများ စုဖွဲ့မှုကောင်းကောင်းနှင့် အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ဗျူဟာ အမှတ် (၁၉) စတင်ဖွဲ့စည်း

အကြမ်းဖက်စစ်ခေါင်းဆောင်တွေ အ​​​​ခြေချရာ နေပြည်တော်အထိ ထိုးဖောက်နိုင်ဖို့ အပါအဝင် စစ်တောင်းမြစ်ဝှမ်း​ဒေသ စိုးမိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး နေပြည်တော်တိုင်းစစ်ဌာနက ဗျူဟာအမှတ် (၁၉) ကို တပ်ရင်း ၄ ရင်းနဲ့ စတင်ဖွဲ့စည်းလိုက်ကြောင်း Nay Pyi Taw PDF က သတင်းထုတ်ပြန်ပါတယ်။