ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းထိုးကာ အပြင်းအထန်တိုက်ခိုက်လာတဲ့အတွက် ဒေသခံပြည်သူတွေ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်က စတင်ကာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေတဲ့အတွက် မြို့လုံးကျွတ်စစ်ဘေးတိမ်းရှောင်နေရပြီး ထိုင်းတာဝန်ရှိသူတွေ စောင့်ကြပ်နေတဲ့ ဒန်စီခွန်ဂိတ်အနီး စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် ထိုင်းဘက်ခြမ်းကနေ ပြည်သူတချို့က စားစရာနဲ့ ရေသန့်တွေ တနိုင်တပိုင်လှူဒါန်းပေးနေပြီး လူဦးရေများလွန်တဲ့အတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

 

0 Shares:
You May Also Like
Read More

နွားထိုးကြီးမြို့ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူများက ဗိုလ်ချုပ်ကြေးရုပ်မှာ ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀)ပြည့်မွေးနေ့အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဗိုလ်ချုပ်ကြေးရုပ်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူများက မွေးနေ့ဆုတောင်းပွဲပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကို စစ်ကူနဲ့ လူနာသယ်ဖို့လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄၀ ကျော်သေကာ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကို စစ်ကူနဲ့ လူနာသယ်ဖို့လာတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ထံက သိရပါတယ်။
Read More

တအာင်းပြည်တစ်နေရာတွင် DPLF/DPLA ၏ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲနှင့်  လက်နက်တပ်ဆင်ခြင်း အခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLF/DPLA ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲနဲ့ လက် နက်တပ်ဆင်ခြင်းအခမ်းအနားကို တ‌အောင်းပြည်တစ်နေရာမှာ ဇွန်လ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့  သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် MLA ရဲဘော် ၅ ဦး၏ စျာပနကို ရှေ့တန်းတစ်နေရာမှာ ပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲဘော် ၅ ယောက်ရဲ့ နာရေးစျာပနကို ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တစ်နေရာမှာ နိုဝင်ဘာ ၂၅ ရက်က အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီ ကြေးနီတင်ယာဉ်တွေအတွက် လုံခြုံရေးပေးတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်တွေကို လုံခြုံ‌ရေးပေးဖို့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 people’s defense force အဖွဲ့ထံက သိရပါတယ်။