တရုတ်နိုင်ငံ စီချွန်းပြည်နယ်မှာ မကြာသေးခင်က အသစ်ဖွင့်လှစ်ထားတဲ့ တံတားတစ်စင်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်က စီချွန်းပြည်နယ် မာအာကန်းမြို့အနီးရှိ ဟောင်းချီတံတားရဲ့ တစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။

တံတားအနီးရှိ တောင်တန်းတွေပေါ်မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာပြီး နိုဝင်ဘာ ၁၀ ရက်က တံတားကို ပိတ်ထားခဲ့တဲ့အတွက် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါတံတားဟာ ၇၅၈ မီတာရှည်လျားပြီး စီချွန်းပြည်နယ်နဲ့ တိဘက်ကို ချိတ်ဆက်ထားတဲ့ လမ်းကြောင်းဖြစ်ကာ တရားဖွင့်လှစ်ပြီး တစ်လအကြာမှာပဲ ပြိုကျခဲ့တာဖြစ်ပါတယ်။

ကိုးကား – CNA

0 Shares:
You May Also Like
Read More

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး”

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး''
Read More

”ကရင်နီပြည်မှာ ဒရုန်းမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ရဲဘော်တွေ ပေးဆပ်မှုပိုများလိမ့်မှာတော့ အမှန်ပဲဖြစ်တယ်”KNDF စစ်ရေးချုပ် ခူးရီးဒူ

Karenni Nationalities Defense Force B09 မှာ ပြုလုပ်ထားတဲ့ “ဌာနေပေါ်ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ” သိန်း ၅၀၀၀ ပရောဂျက်ပြုလုပ်ရခြင်းနဲ့ မြေပြင်မှာ ဒရုန်းအရေးပါပုံကို စစ်ရေးချုပ် ခူးရီးဒူမှ ယခုလိုပဲ ရှင်းလင်းပြောကြားခဲ့ပါတယ်။
Read More

KNDF တော်လှန်ရေးခေါင်းဆောင် ခူးရီးဒူပြောစကား (ရုပ်သံ)

''ကျနော်တို့ လက်ထဲမှာ သေနတ်ကိုင်ထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက လူထုကို ကြောက်ရမှာဖြစ်တယ်။ ကျနော်တို့သည် အမှန်တကယ်လူထုအတွက် အလုပ်အကျွေးပြုပါတယ်ဆိုတဲ့ အဖွဲ့အစည်း မှန်ကန်တယ်ဆိုရင် ကျနော်တို့ လူထုကို ကြောက်ရမှာ။ လူထုကို လိမ်စားမှာကို ကျနော်တို့ ကြောက်ရမှာ။ လူထုကို ညာစားမှာကို ကျနော်တို့ ရှက်ရမှာ''
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ၃ ထပ်တိုက်တစ်လုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ (ရုပ်/သံ)

မန္တလေးမြို့ ၂၆ လမ်း ၈၀x ၈၁ လမ်းမှာ ဧပြီ ၁၅ ရက် မနေ့ညနေပိုင်းက လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃ ထပ်တိုက်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ်မှာ အတုအ‌ယောင်‌ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအ‌‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ ဒီဇင်ဘာ ၂၀ ရက်က ကြို့ပင်ကောက်မြို့နယ်အတွင်း ပြည်သူလူထု အင်အား ၃၀၀ ကျော်က အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲမှာ ''အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွတ် ချက်ချင်းလွတ်၊ နိုင်ငံရေးအကျည်သားများကို ချက်ချင်းလွတ် ချက်ချင်းလွတ်၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ အလိုမရှိ . . .'' စတဲ့ ကြွေးကြော်ခဲ့ကြပါတယ်။
Read More

ရွှေဘိုမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး နှိုးဆော်စာများ ဒရုန်းနဲ့ ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်ကို အတုအ‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး နှိုးဆော်စာများ ဒရုန်းနဲ့ ကြဲချခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်၊ NUGမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရွှေဘိုမြို့ပေါ်ကို "အတုအယောင်ရွေးကောက်ပွဲ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြ"၊ "စစ်အာဏာရှင်ရဲ့ ထွက်ပေါက် မြှောက်မပေးနဲ့"၊ "မသမာတဲ့မဲရုံလမ်း ဖြတ်သန်းလို့တောင်မသွားနဲ့"၊ "သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့"၊ "ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး" စတဲ့ စာသားပါ စာရွက်တွေကို ဒရုန်းနဲ့ ကြဲချပြီး အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေး နှိုးဆော်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။