မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် ကျေးရွာတွေမှာ လက်နက်ကြီးတပ်ဆင် အထိုင်ချရင်း လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။

လက်ရှိအခြေအနေအရ စလင်းမြို့နယ်အတွင်းက ကျေးရွာတွေဆီ စစ်အုပ်စုက အင်အားအလုံးအရင်းသုံး ဖြည့်တင်းနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဂျမ်မာတွေ အထိုင်ချတပ်ဆင်ကာ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် စလင်းမြို့ထဲက မူလတန်းကျောင်းတချို့မှာ စစ်တပ်၊ ပျူစောထီးနဲ့ ရပ်ကွပ်အုပ်ချုပ်ရေးမှူးတွေ၊ ကျောင်းဆရာ/မ တွေပါဝင်တဲ့ မဲကော်မတီအဖွဲ့ဝင်တွေ တွေ့ဆုံကာ အစည်းအဝေးလုပ်တာမျိုးတွေလည်းရှိကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက် မနေ့ နေ့လယ်ပိုင်းကလည်း စစ်တပ်၊ ပျူစောထီးနဲ့ လက်နက်ကြီး အထိုင်ချထားရာ ကျွဲကျောင်းကျေးရွာကို အင်အား ၁၀၀ပါ စစ်ကြောင်းက ဖောကား ၂ စီး၊ ဟိုက်ဂျက် ၂ စီးနဲ့ အင်အားထပ်မံဖြည့်တင်းခဲ့ပြီး ရွာထဲကို ကားနဲ့ ဆိုင်ကယ်တွေပါ ဝင်ခွင့်မရအောင် ပိတ်ချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါရွာထဲ တပ်စွဲထားတဲ့ စစ်အုပ်စုအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက် ညပိုင်းတုန်းကလည်း တောင်ကန်ကျေးရွာကို တော်လှန်ရေးတပ်တွေရှိမယ်အထင်နဲ့ လက်နက်ကြီး ၃ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နောက်တစ်နေ့ (နိုဝင်ဘာလ ၉ရက်) မှာလည်း ကျေးရွာထဲ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြည်သူ့ညီနောင် -စလင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တောင်ကန်ကျေးရွာကို စစ်အုပ်စု အင်အား၅၀ ကျော်က စီးနင်းဝင်ရောက်ကာ ကျေးရွာထဲရှိနေတဲ့ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူရင်း အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ စလင်းမြို့ ၂၅၄ တပ်ဆီ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စလင်းမြို့နယ်အတွင်း အလယ်တန်းအဆင့် စာသင်ကျောင်းတွေကို ပိတ်ခိုင်းထားပြီး မြို့အရှေ့ကန်ဘောင်မှာ ဖောကား ၂စီး၊ အင်အား ၃၀ကျော်နဲ့ လက်နက်ကြီးချပြီး အထိုင်ချတပ်စွဲနေကြောင်း၊ သရက်ချဥ်၊ ကန်တိုင်ကွေ့ စတဲ့ ကျေးရွာတွေမှာပါ အင်အား ၂၀ ကျော်စီနဲ့ ဝင်ရောက်တပ်စွဲတာမျိုးတွေ ရှိနေကြောင်း ပြည်သူ့ညီနောင် -စလင်းအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“အဓိကကတော့ ကာကွယ်ရေးအဖွဲ့တွေ ဝင်မတိုက်နိုင်အောင်ရယ် နယ်မြေတွေစိုးမိုးနိုင်အောင်ရယ် ဒီလိုအကြောင်းကြောင်းတွေကြောင့် မြို့အနီးတဝိုက်ကျေးရွာတွေကို အင်အားတွေချနေတဲ့ သဘောပေါ့နော်” လို့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စလင်းမြို့နယ်ဟာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေအနက် အပိုင်း(၂) ထဲ ပါဝင်တဲ့ မြို့နယ်ဖြစ်သလို တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေလည်းရှိနေတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စလင်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ဝေထွန်း ဆိုသူကို ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပြီး စစ်အုပ်စုဘက်ကတော့ PDF လက်ချက်လို့ ပြောဆိုနေကြပါတယ်။

လက်ရှိမှာ စလင်းမြို့နယ်အတွင်း လူငယ်လူရွယ်တွေ ဆိုးဆိုးရွားရွား ပေါ်တာဆွဲဖမ်းဆီးခံနေရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁လတည်းမှာပဲ ၂၅ ယောက်နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့သိရပြီး ငွေကြေးပေးနိုင်သူ ၉ ယောက်သာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၁ ရက် မနေ့ကလည်း စလင်းကနေ မန္တလေး ပြေးဆွဲနေတဲ့ ဘကျော်ကားဂိတ်မှာ အမျိုးသား ၈ယောက်ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့ကဖော်ပြထားပါတယ်။

 

0 Shares:
You May Also Like
Read More

သန်းခေါင်စာရင်းကောက်ဖို့ လော်စပီကာနဲ့ လိုက်အော်နေတဲ့ အုပ်ကြီး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ဖို့ လော်စပီကာနဲ့ လိုက်အော်နေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် ဒေသခံ အမျိုးသား (၂)ဦး မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား (၂) ယောက် မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ဂိတ်ထွက်စစ်သည့် စစ်သားများ အနီးကပ်ပစ်ခံရပြီး ၁ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းမှာ ဂိတ်ထွက်စစ်တဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး နေရာမှာတင် ၁ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

CDF-မတူပီ၊ တပ်မဟာ ၂ ၊ တပ်ရင်း ၂ က ၄ ကြိမ်မြောက် ညီလာခံကျင်းပ

ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၊ တပ်ရင်း၂ (အောက်ချင်းတပ်ရင်း) က လေးကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချောက်မှာ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လက်နက်ကြီးငယ်တွေနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။