ရခိုင်ပြည်နယ်၊ ဗူးသီးတောင်က ရိုဟင်ဂျာတွေအပါအဝင် ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစီး ထိုင်း-မလေးရှား ရေနယ်နိမိတ်ထဲ နစ်မြုပ်ခဲ့ရာမှာ နိုဝင်ဘာ ၁၀ ရက်နေ့အထိ သေဆုံးသူ ၂၇ ယောက်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ 

မလေးရှား ရေကြောင်းပြ အေဂျင်စီက ထိုင်းနယ်စပ်အနီး မြောက်ပိုင်း လန်ကာဝီကျွန်းအနီးမှာ အင်္ဂါနေ့က အသက်ရှင်ကျန်ရစ်သူ ၁ ယောက်နဲ့ အလောင်း ၈လောင်းကို ထပ်မံတွေ့ရှိကြောင်း ပြောပါတယ်။

အစောပိုင်း ဆယ်ယူခဲ့တဲ့ ရုပ်အလောင်းတွေအပါအဝင် စုစုပေါင်း သေဆုံးသူ အယောက် ၂၀ ရှိလာပြီဖြစ်ပြီး သူတို့ထဲမှာ အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၉ ယောက်နဲ့ ကလေး ၄ ယောက် ပါဝင်ကြောင်း၊ အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း ၁၄ ယောက် ရှိကြောင်း မလေးရှားအေဂျင်စီက ဆိုပါတယ်။

ထိုင်းမီဒီယာရဲ့ သတင်းဖော်ပြချက်တွေထဲမှာတော့ တောင်ပိုင်း စတုမ်ခရိုင်က ဒေသခံအရာရှိတွေဟာ ရိုဟင်ဂျာ ဒုက္ခသည်လို့ ယူဆရတဲ့ အမျိုးသား ၁ ယောက်ရဲ့ အလောင်းကို အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ ထပ်မံတွေ့ရှိကြောင်း သိရပါတယ်။ 

အဆိုပါခရိုင်ထဲမှာရှိတဲ့ ရွမ်ဆိုင် ကယ်ဆယ်ရေးဖောင်ဒေးရှင်းကလည်း တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ထိုင်းရေပိုင်နက်အတွင်း အလောင်း ၆ လောင်း တွေ့ရှိခဲ့ကြောင်း အရင်က ကြေညာထားတာ ဖြစ်ပါတယ်။

အခုလို ကြေညာချက်တွေအရ လှေနစ်မြုပ်မှုကြောင့် စုစုပေါင်း သေဆုံးသူ ၂၇ ယောက် (မလေးရှားမှ ၂၀ ယောက်နှင့် ထိုင်းမှ ၇ ယောက်) အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

နစ်မြုပ်ခဲ့တဲ့ လှေပေါ်မှာ ခန့်မှန်းခြေ လူ ၇၀ ခန့် လိုက်ပါလာခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူတွေက ပြောကြတယ်လို့ မလေးရှား အာဏာပိုင်တွေက ဆိုပါတယ်။

အရာရှိတွေကတော့ လူ ၃၀၀ ခန့်တင်လာတဲ့ လှေတစီးဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကနေ စတင်ထွက်ခွာလာခဲ့ကြောင်း ပြောဆိုကြပါတယ်။ 

မလေးရှားအနီးရောက်လာချိန်မှာ အဆိုပါ ခရီးသည်တွေကို လှေသုံးစီးခွဲ ပို့ဆောင်ခဲ့တယ်လို့ ယူဆရကြောင်း၊ အဆိုပါလှေတွေထဲက တစီးဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထိုင်းတောင်ပိုင်း တာရုတိုကျွန်းအနီးမှာ နစ်မြုပ်တယ်လို့ ယူဆရကြောာင်း အရာရှိတွေက ပြောဆိုကြပါတယ်။ 

လှေနစ်မြုပ်မှုဖြစ်ပွားတဲ့ အချိန်နဲ့ ဘယ်နေရာမှာ နစ်မြုပ်ခဲ့တယ်ဆိုတာကိုတော့ အတိအကျ မသိရသေးသလို ကျန်လှေငယ်နှစ်စီးရဲ့ အခြေအနေကလည်း ရှင်းရှင်းလင်းလင်းမရှိသေးဘူးလို့ အရာရှိတွေက ပြောပါတယ်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းသူများအဖွဲ့ (IOM) တို့ကတော့ အခုလို လှေနစ်မြုပ်ရာကနေ အသက်သေဆုံးနိုင်ခြေရှိတဲ့ အရေအတွက်အပေါ် စိုးရိမ်ပူပန်ကြောင်း ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။ 

ပူးတွဲထုတ်ပြန်ချက်အတွင်း အခုလို ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်နဲ့ ခိုလှုံခွင့်ရရှိရေးအတွက် ဘေးကင်းတဲ့ နည်းလမ်းတွေကို မြှင့်တင်နိုင်ရေး ဒီထက်ပိုပြီး အရင်းအမြစ်တွေ အသုံးပြုဖို့နဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာက ဒီထက်ပိုပြီး အားထုတ်ကြိုးပမ်းကြဖို့ တောင်းဆိုထားပါတယ်။

မူရင်းသတင်း – Death toll from capsized boat with Myanmar migrants climbs to 27 as more bodies recovered

0 Shares:
You May Also Like
Read More

နောက်ရွေးကောက်ပွဲများလည်း လေ့လာစောင့်ကြည့်ဦးမည်ဟု ထိုင်း ‌ပြော 

ထိုင်းအနေနဲ့ အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးကို လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
Read More

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက် ရှုတ်ချ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပါ်လျက်ရှိနေပါတယ်။
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ ဘန်ကောက်မှာ လူထောင်ချီ ဆန္ဒပြ

ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ချင်းရိုင်ခရိုင်မှာ ရေကြီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးနေတဲ့ ထိုင်းဝန်ကြီးချုပ်ကတော့ “ဒါက သူတို့ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ဖြစ်တယ်၊ ဒီအပေါ် ကျွန်မအနေနဲ့ တုံ့ပြန်ဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောဆိုပြီး ဆန္ဒပြသူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးပြောဆိုဖို့ လမ်းဖွင့်ထားကြောင်း သူမက ဆက်ပြောပါတယ်။
Read More

တောင်ကိုးရီးယားသမ္မတ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဟာ ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ညနေ နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမိန့်ခွန်းကတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ဓာတ်ပုံရိုက်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်အား အရပ်ဘက်အဖွဲ့များ ဝေဖန်

အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေဆုံပြီး ဓာတ်ပုံရိုက်ခံခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရီဆာပါရန်နိုလာဇာဇိုကို အရပ်ဘက်အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။