အကြမ်းဖက်စစ်တပ်ရဲ့ စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်မြို့မှာ ရွှေဆိုင်ဓားပြတိုက်မှုဖြစ်ပွားပြီး ဆိုင်ဝန်ထမ်း ၁ ယောက်သေဆုံးကာ ဓားပြ ၁ ယောက်ကို ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် ဒီမနက် ၈ နာရီကျော်လောက်မှာ ပြင်ဦးလွင်မြို့လယ် အောင်စံပယ်ရွှေဆိုင်ကို သေ နတ်ကိုင်ထားသူ ၂ယောက်က ဓားပြတိုက်ခဲ့ရာ ဆိုင်လုံခြုံရေးဝန်ထမ်းက ခုခံဖို့ကြိုးစားစဥ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဓားပြတွေကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီး ၁ ယောက်ကိုလည်း ဓားပြတွေက ရိုက်နှက်သွားတာကို လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်အတွင်း တွေ့မြင်ရပြီး ပြည်သူတွေရဲ့ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ဓားပြ ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

ပြင်ဦးလွင်မြို့ဟာ စစ်တက္ကသိုလ်တွေရှိရာ မြို့ဖြစ်ပြီး စစ်သားနဲ့ ပျူစောထီးတွေ အဆက်မပြတ် ကင်းလှည့်လုံခြုံရေးယူထားတဲ့ မြို့လည်းဖြစ်ပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကြောင်း အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ထုတ်ပြန်ပါတယ်။
Read More

ကောလင်းတွင် စစ်ရှောင်များ နေထိုင်သည့် စာသင်ကျောင်းကို စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်ရှောင်ပြည်သူ ၆ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းရှိ နတ်အင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ် လက်ပါးစေ ကြံ့ခိုင်ရေးအတွက် ဂျင်းနီ၊ နန်းဝေဝေမြင့်နှင့် ကျော်ကျော်နန္ဒတို့ မဲဆွယ်ပေး (ရုပ်/သံ)

အာဏာသိမ်းစစ်တပ် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အဆိုတော် ဂျင်းနီ၊ ကျော်ကျော်နန္ဒနဲ့ နန်းဝေဝေမြင့်တို့က စစ်တပ်အသွင်ပြောင်း ကြံ့ခိုင်ရေးပါတီဘက်ကနေ မဲဆွယ်ပေးနေပါတယ်။
Read More

၁၁ လအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်၊ ဒုရဲမှူးအဆင့် အပါအဝင် တပ်သား ၄၇၅ ယောက်အလင်းဝင်ခဲ့ဟု NUG ထုတ်ပြန် (ရုပ်/သံ)

၂၀၂၄ နှစ်စကနေ နိုဝင်ဘာလအထိ ၁၁ လတာအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်၊ ဒုရဲမှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၄၇၅ ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဝန်ကြီးချုပ်ရုံး‌ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့် နိုင်ငံတကာသို့ စကား‌ပြောကြားခြင်း(Press Briefing) အစီအစဉ် ၄/၂၀၂၄ မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ(၃၃၈) တပ်သား ထက်မြဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''ဘာ‌ကြောင့်အလင်းဝင်လာလဲဆိုတော့ သူတို့ စိုးမိုးမှုအောက် မနေချင်လို့။ သူတို့လှမ်းမယ့် လမ်း ကြောင်းတစ်ခုအတွက် ကျနော်တို့ကို လမ်းခင်းပြီးသွားတဲ့  ပုံစံမျိုး။ ပေါ်တာဆွဲတယ် ညှင်းပန်း နှိပ်စက်ခံရတယ်ဆိုလည်း ပြည်သူလူထုပဲ။ သူဘာသူအပြင်မှာနေနေတဲ့ မိသားစုဘဝလေးတွေလည်း ပျက်စီးခဲ့ရတယ်'' 
Read More

ချောင်းဦးမြို့နယ်အတွင်း ဂိတ်ဖွင့်အထိုင်ချထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဂိတ်ဖွင့်အထိုင်ချထားတဲ့ စစ်ကောင်စီတပ် သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။