မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက် ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ က ထွက်လာတဲ့ တပ်မ ၉၉ မှ တပ်ရင်း ၃ ရင်း ပူးပေါင်းအင်အား ၄၀၀ ဝန်းကျင်ဟာ ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ ရှားပင်ရေရွာနဲ့ ရိုးကြီးအနီးဝန်းကျင်က ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာ ချက်ကန်ရွာအနီး ပုသိမ်- မုံရွာလမ်းမပေါ်သို့ ရောက်ရှိလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက အနီးကပ်စောင့်ကြည့်လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ချက်ကန်ရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကို ရိက္ခာအဖြစ် ဖမ်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်သား ၃ ယောက်ထံက သေနတ် ၂ လက်နှင့်အတူ ကျည်၊ လက်ပစ်ဗုံး၊ ၆၀မမ ဗုံးသီး၊ အီနာဂါ၊ နင်းမိုင်း၊ RPG အဖူး၊ ကျည်ကာပြား၊ ကျည်ဘောက်အပိုအများအပြားနဲ့ စစ်ဝတ်တန်ဆာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Young Revolution Front နဲ့ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်းကလည်း စစ်ကြောင်း ၂ ကြောင်း ခွဲပြီး ဒီးဒုတ်ကွင်းရွာကို စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မိုင်းနင်းမိပြီး စစ်သား ၂ ယောက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

အဆိုပါစစ်သားတွေထံကနေလည်း ကျည်ကာဦးထုပ်နဲ့ စစ်ဝတ်တန်ဆာ၊ ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Young Revolution Front

0 Shares:
You May Also Like
Read More

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ -နွားထိုးကြီးလမ်းပိုင်း မြင်ကွင်း (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ- နွားထိုးကြီးလမ်းပိုင်းရဲ့ ငလျင်ပြတ်ရွေ့ကြောအခြေအနေကို အခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

မုံရွာ-ချောင်းဦးအစပ် ဆီးမီးသပိတ် စက်တပ်လေထီးဖြင့် ဗုံးသီးကြဲချခံရမှုအတွင်း သေဆုံးသူ ၂၀ ကျော်နှင့် ဒဏ်ရာရသူ ၄၀ ကျော်အထိ ရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးအစပ်မှာ ပြုလုပ်နေတဲ့ ဆီမီးသပိတ်ကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ အယောက် ၂၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ကျော်အထိ ရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် ကသာခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာကြတဲ့ ကသာခရိုင်အမှတ် ၂ တပ်ရင်းရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ် ခမြင့်ကျေးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် (၁၆) ဘုတလင်မြို့နယ်တပ်ရင်း BDL PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်အားပြင်းငလျင်လှုပ်ခတ်စဉ် မဟာမုနိဘုရားကြီး CCTV မှတ်တမ်း

မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီးရဲ့ ငလျင်လှုပ်ခတ်မှုအတွင်း မြင်တွေ့ရတဲ့ CCTV မှတ်တမ်းရုပ်သံဟာ ဒီနေ့ ဧပြီ ၇ ရက်မှာ လူမှုကွန်ရက်သုံးစွဲသူတွေကြား ပျံ့နှံ့လာပါတယ်။
Read More

ခရီးသွားပြည်သူတွေကို ဂိတ်ချပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ယောက်သေ၊ သေနတ် ၁ လက်ရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီကွေ့မှာ ဂိတ်ချပြီး ခရီးသွား ပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ တယ်လို့ Federal Polaris Force အဖွဲ့ထံက သိရပါတယ်။