ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Launglone People Defence Force (LLPDF) က သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာဖက်ကနေ ကရင်ကြီးရွာဖက်ကို အင်အား ၇၀ကျော်နဲ့ စစ်ကြောင်းထိုးလာချိန် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ တစ်ကြိမ်၊ ၂၂ ရက်နေ့မှာ တစ်ကြိမ် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်အချိန်မှာ ကရင်ကြီးရွာကို ရောက်လာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ၂နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နောက်တရက် အောက်တိုဘာလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်မှာလည်း ကရင်ကြီးကျေးရွာကတဆင့် ကမ်းပနီကျေးရွာဘက်ကို ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အချိန် ၂ နာရီကြာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြားဖြတ် တိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်တပ်ဘက်က ၈ ယောက် သေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွေကို လောင်းလုံး(ပကဖ)-ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ရင်း-တပ်ခွဲ-၇ (LPF) ၊ ဒေါနတပ်ရင်း-တပ်ခွဲ-၄ (KBDF)၊ ရာမညမွန်တပ်တော်၊ (DNLA) ဒူရကစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကြားဖြတ်တိုက်ခိုက်မှု ၂ ကြိမ်အပြီးမှာတော့ ကမ်းပနီကျေးရွာနဲ့ ပညစ်ကျေးရွာကြားက သိကြားမင်းထိုင်တောင်ပေါ်ကို စစ်တပ်စစ်ကြောင်း ရောက်ရှိလာရာ ကာတောင်ပေါ်မှာ ယာယီတပ်စွဲနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းတွေနဲ့ ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှာ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။

ဒရုန်းတိုက်ခိုက်မှုကိုတော့ လောင်းလုံး (ပကဖ) – ထားဝယ်ခရိုင်၊ တပ်ပေါင်းစုဒေါနတပ်ရင်း – တပ်ခွဲ-၇ (LPF)၊ ဒေါနတပ်ရင်း – တပ်ခွဲ-၄ (KBDF) ၊ ရာမညမွန်တပ်တော်၊ (DNLA) ဒူရကစစ်ကြောင်းနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါပြိုကျ၊ တာဝါအတွင်း ဝန်ထမ်းသေဆုံးမှု များပြားနိုင်

ဒီနေ့ မတ်လ ၂၈ရက် နေ့လယ်ပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါ ပြိုကျသွားခဲ့ပါတယ်။
Read More

သင်္ကြန်ကာလ ဥပုသ်သီလစောင့်တည်နေသည့် ပြည်သူများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူများ လက်မခံကြသည့် ရွေးကောက်ပွဲအတုဟာ လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန် ဖြစ်သည်ဟု မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိ စစ်တပ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေ လျှောက်လှမ်းရမယ့် လမ်းကြောင်းအမှန်ဖြစ်ပြီး ပြည်သူတွေ အမှားအမှန် ခွဲခြားသိဖို့လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ညီညွတ်ရင် မြန်မာအကြမ်းဖက် စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းနိုင်ကြောင်း Justice For Myanmar ထုတ်ပြန်

“ကျွန်ုပ်တို့ ညီညွတ်လျှင် မြန်မာစစ်ရာဇဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်တယ်” လို့ မကြာသေးခင်က Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိထားတဲ့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
Read More

တံတားဦးမှ ငါန်းဇွန်သို့ ထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ် ဖောကားကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေပြီး ၁၉ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဆီ ထွက်ခွာလာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ရဲ့ ဖောကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၄ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။