ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ကို တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျားသစ်နက် တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြဝတီမြို့နယ် လေးကော့ကော်မြို့သစ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ BGF ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

”တပ်မ ၂၂ မှ ပေးပို့လိုက်သော လက်ဆောင်များအား ဗိုလ်မှူးကြီးဒါဘောမှ လက်ခံရရှိပါကြောင်း” လို့ ရေးသားပြီး သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကို ကျားသစ်နက် တပ်ခွဲ ၂ က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

Video – Black Panther Column – တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

လှိုင်သာယာ ချန်းရိ Adidas ဖိနပ်စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးရေး လုပ်သားများ ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ချန်းရိ Adidas ဖိနပ်စက်ရုံမှာ မေလ ၁၄ ရက်ကစတင်ပြီး လုပ်ခလ စာတိုးမြှင့်ပေးရေး လုပ်သားတွေဆန္ဒပြလျက်ရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပေါက်မြို့နယ် ရေယာဉ်တောင်ရွာကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီး နေအိမ် ၃၁ လုံး မီးလောင်ပြာကျ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် ကပစ ၂၄ ကို သွားမယ့် စစ်ယာဉ်တန်းရဲ့ ရှေ့ပြေးစစ်တပ်စစ်ကြောင်းဟာ ရေယာဉ်တောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၁ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ကန်ပိုက်တီမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တရုတ်အာဏာပိုင်တွေက မူဆယ်နယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင် (ရုပ်/သံ)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် တရုတ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက် မနေ့ညပိုင်းက မူဆယ်မြို့ နယ်ဂိတ်ကနေ စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
Read More

လွတ်မြောက်နယ်မြေတစ်ခုမှာ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ လက်အောက်ခံတပ်ဖွဲ့ဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့  (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်က လွတ်မြောက်နယ်မြေတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက် ရွှေဘို-မန္တလေးလမ်းပိုင်းမှာ အင်အား ၁၀၀ ခန့်နဲ့ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထော-င်ချောက် ကြီး ‼️‼️

“တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လူထုအားဖြင့် ဆန့်ကျင်ကြ” “ သင့်မဲဖြင့် တရားဝင် လူသ-တ်ခွင့် မပေးနဲ့”