စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ မနက် ၇နာရီကျော်လောက်မှာ အကြမ်းဖက်စစ်တပ်က အင်အား ၁၅ ယောက်ခန့်နဲ့ မိုင်းရှာဖို့ ထွက်လာချိန် မုံရွာ-မန္တလေး လမ်းမပြီး တစ်နေရာအရောက် တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၃လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့မှုတော့ မရှိလိုက်ဘူး။ မိုင်းပဲ ဆွဲလိုက်တာ၊ သေဆုံးမှုက မကြားသေးဘူး။ ဒဏ်ရာရတဲ့ကောင်တွေကို ဆက်ရှာတယ်။ ဆုတ်ခွာမသွားဘူး” လို့ Chindwin Fighter Group – CFG တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဟာ စစ်အုပ်စု ရောက်လာမှာကို ကြိုတင်သတင်းရလို့ စောင့်ဆိုင်းနေတာမျိုး မဟုတ်ဘဲ အဆိုပါ လမ်းပိုင်းတွေမှာ မကြာခဏ မိုင်းရှာဖွေရေး လုပ်တတ်တာကြောင့် ကြိုတင် မိုင်းထောင်ထားပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့လာမှာကို ကြိုတင်သိလို့တော့ မဟုတ်ဘူး။ သူတို့တွေက တခါတလေဆို မိုင်းထွက်ရှင်းတယ်။ သူတို့ အလုပ်ကိစ္စတွေ ပေါ်လာပြီဆိုရင် မိုင်းထွက်ရှင်းတာများတယ်။ လမ်းမိုင်းပေါ့လေ.. မိုင်းက ကြိုထောင်ထားတာ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အကြမ်းဖက်စစ်အုပ်စုက အနီးတဝိုက်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ခရီးသွားပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကိုတော့ Brave Heart Army – BHA ၊ Monywa Dynamite. STF နဲ့ Chindwin Fighter Group – CFG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ သံဃာတော်များနှင့် ကလေးငယ်များ ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

အင်းလေး‌ဒေသမှာ ငလျင် ဘေးဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်က အင်းလေးတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်မြို့တွင် ပေါ်တာဆွဲခံခဲ့ရသည့် အဝေးသင်ကျောင်းသား ရွှေတောင်ပကဖထံ ထွက်ပြေးခိုလှုံ၊ ပကဖနှင့်အတူ အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်မည်ဟု ဆို

ပဲခူးတိုင်း၊ ပြည်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသား ၁ယောက် အကြမ်းဖက်စစ်တပ်လက်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး ပကဖထံ အလင်းဝင်ခိုလှုံလာကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

ရေစကြိုမှာ စစ်အုပ်စုလက်ပါးစေတွေ အကြောင်းအမျိုးမျိုးပြပြီး လုပ်ငန်းရှင်တွေဆီက အခွန်ငွေတောင်းခံနေ

မကွေးတိုင်း၊ ရေစကြိုမြို့မှာ နယ်မြေစိုးမိုးမှု ဘယ်လောက်မှမရှိတော့တဲ့ စစ်အုပ်စုရဲ့ လက်ပါးစေတွေဟာ အရပ်သားတွေဆီက နည်းလမ်းမျိုးစုံနဲ့ အခွန်ငွေတွေ မတရားကောက်ခံနေကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက မောင်းကိုပြောပါတယ်။
Read More

ပေါက်တွင် စစ်အုပ်စု အရပ်သားများကို သတ်ကာ သေဆုံးသူများအား PDF အဖြစ် ပုံမှားရိုက်သတင်းဖြန့်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းဝင်ရင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အဖြစ် ပုံမှားရိုက် သတင်းမှားဖြန့်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနား

PEOPLE'S LIBERATION FORCE ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။