စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Monywa Dynamite – Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က မုံရွေးတန်ပိုကတ္တားဂိတ်ကနေ အင်အား ၁၅ ယောက်ခန့်နဲ့ မိုင်းရှာထွက် လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-မန္တလေးကားလမ်းတစ်နေရာမှာ ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားတွေထဲက ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA ၊ MONWYA DYNAMIDE.STF နဲ့ CHINDWIN FIGHTER GROUP.CFG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Monywa Dynamite – Special Task Force

0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့်ပြည်သူများအတွက် ရှေ့တန်းစစ်မျက်နှာပြင်ရောက် PDF ရဲဘော်များ ဆုတောင်းပွဲပြုလုပ် (ရုပ်/သံ)

တောင်ပိုင်း​စစ်ဒေသ​၊ စစ်​ဆင်ရေးနယ်မြေ (၁)၊ အမှတ်(၂၇) စစ်ဗျူဟာ ကွပ်ကဲမှုအောက်ရှိ‌ ဖာပွန်ရှေ့တန်းစစ်မျက်နှာပြင်မှာ ရောက်ရှိနေတဲ့ PDF ရဲဘော်တွေက ငလျင်သေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရဲဘော်တွေရဲ့ အသက်အန္တရာယ်လုံခြုံဖို့ “အမေ့အိမ်သို့ အပြန်လမ်း” မှာ ပါဝင်ကူညီအားဖြည့်နိုင် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးကို အပြီးသတ် တွန်းလှန်ချေမှုန်းနိုင်ဖို့ မဟာမိတ်ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ Justice Soldier PDF ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ ပရောဂျက်တစ်ခုပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ဗန်းမော်မြို့ စိန့်ပက်ထရစ်ဘုရားကျောင်းနှင့် စာသင်ကျောင်းကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ စိန့်ပက်ထရစ် ဘုရားကျောင်းနဲ့ စာသင်ကျောင်းတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က မတ်လ ၁၆ ရက် မနေ့က ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်၊
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၅) ပစ/တပ်သား- ရဲလင်း၏ ပြောကြားချက် (ရုပ်/သံ)

''ဘာကြောင့်အလင်းဝင်လာလဲဆိုတော့ ကျွန်တော်မိဘတွေနဲ့လည်း ပြန်တွေ့ချင်တယ်။ တပ်ထဲမှာ လည်း အနိုင်ကျင့်တာတွေ့ရှိတယ်။ အရာရှိတွေက မိဘတွေနဲ့ ဖုန်းပြောရင်လည်း သိမ်းခံရတယ်။ သူတို့ခိုင်းတာလုပ်၊ သူတို့ကျွေးတာစား အဲလိုပုံစံမျိုးပေါ့။ ကျွန်‌တော်သူငယ်ချင်းတွေကိုလည်း အလင်းဝင်စေချင်တယ်။ ဒီဘက်အဖွဲ့အစည်းနဲ့တွေ့ရင် သတ်ဖြတ်မယ်ထင်တာ။ သူတို့က လန့်နေကြမှာပေါ့။ ဒါပေမယ့် မဟုတ်ပါဘူး။ ဒီမှာ အေးဆေးပါပဲ''
Read More

မြိုင်မြို့ပေါ် စျေးဝယ်ထွက်လာတဲ့ ရဲ ၂ ယောက် စောင့်ကြိုတိုက်ခိုက်ခံရပြီး ၂ ယောက်လုံးသေ၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက ချောင်းဆုံဂိတ်ကနေ မြိုင်မြို့စျေးကို ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၂ ယောက်ကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံး သေဆုံးပြီး MA-3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့ပေါ် ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့် ရဲအရာရှိ အပါအဝင် ၄ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ရေဦးဆန်ဆိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်၊ ရဲအရာရှိ ၁ ယောက် အပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ Gue Gue PSF စစ်ကြောင်းထံက သိရပါတယ်။