မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ က ထွက်လာတဲ့ တပ်မ ၉၉ က တပ်ရင်း ၃ ရင်း ပူးပေါင်းအင်အား ၄၀၀ ဝန်းကျင်ဟာ ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ ရှားပင်ရေရွာနဲ့ ရိုးကြီးအနီးဝန်းကျင်က ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာ ချက်ကန်ရွာအနီး ပုသိမ်- မုံရွာလမ်းမပေါ် ရောက်ရှိလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက အနီးကပ် စောင့်ကြည့်လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ချက်ကန်ရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကို ရိက္ခာအဖြစ် ဖမ်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသည့် စစ်သား ၃ ဦးနှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

“ပြောရရင်တော့ ကျနော်တို့အဖွဲ့တင် မိတာက ၃ ယောက်။ အလင်းဝင်လာတာက ၁ ယောက်၊ စစ်ကြောင်းမှာ နေခဲ့လို့ ဖမ်းမိတာက ၁ယောက်၊ ထွက်ပြေးလာတာက ၁ ယောက်ပေါ့နော်။ ဘေးမှာလည်း တခြားမိတာလည်း ၃ယောက်ရှိသေးတယ်ဗျ။ ကျနော်တို့ မိတာမှာ ပသစက ၂ ယောက်၊ ၁ယောက်ကတော့ စစ်သားဖြစ်တာ ကြာပြီပေါ့နော် ၁၅ နှစ်တာဝန်ထမ်းထားတဲ့သူက ၁ ယောက် (ဒုတပ်ကြပ်ကြီး) ပါတယ်” လို့ Young Revolution Front အဖွဲ့ ရုံးတာဝန်ခံ လွင်မိုးက မောင်းကို ပြောပါတယ်။ 

အဆိုပါစစ်သား ၃ ယောက်ထံက သေနတ် ၂ လက်နဲ့အတူ ကျည်၊ လက်ပစ်ဗုံး၊ ၆၀ မမ ဗုံးသီး၊ အီနာဂါ၊ နင်းမိုင်း၊ RPG အဖူး၊ ကျည်ကာပြား၊ ကျည်ဘောက်အပို အများအပြားနဲ့ စစ်ဝတ်တန်ဆာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“အခုဖမ်းဆီးရမိတဲ့ စစ်သားတွေကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်။ ပြီးရင်တော့ လူ့အခွင့်အရေးနဲ့အညီ ရပိုင်ခွင့်တွေကို အပြည့်အဝပေးပါမယ်။ သူတိုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အစ ကျနော်တို့ ပေးဖို့ရှိတယ်ဗျ။ သိစေချင်တာက ကျနော်တို့ဘက်ကို အလင်းဝင်လာတာ… ဘက်ပြောင်းခိုလှုံလာတာဆိုရင် စစ်မှုထမ်းမဟုတ်ဘဲ စစ်သားဖြစ်နေပါစေ အခုလို ထားပေးတယ်ဆိုတာကို သိစေချင်ပါတယ်” လို့ ဆိုပါတယ်။ 

စစ်တပ်ထဲမှာတော့ PDF ဘက်ကို ဘက်ပြောင်းရင် PDF တွေက သတ်ပစ်မှာဆိုပြီး ဝါဒဖြန့်ခြိမ်းခြောက်မှုတွေ ရှိနေပြီး အဲဒီ ဝါဒဖြန့်မှုတွေက အမှန်တကယ် မဟုတ်ကြောင်းကိုလည်း စစ်မှုထမ်းတပ်သားတွေဖြစ်စေ၊ စစ်သားတွေဖြစ်စေ သိစေချင်တယ်လို့ သူက ပြောပါတယ်။  

အဆိုပါစစ်ဆင်ရေးကို  Young Revolution Front နဲ့ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ အတွင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်သူနှင့် စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၀၀၀ ကျော် ရှိလာ

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၈) တပ်ရင်း - ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ တပ်ရင်းတစ်ခုလုံးနီးပါး ပူးပေါင်းခဲ့တဲ့ ရေဦး PDF အိမ်ပြန်ရောက်ပြီ

ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ မနေ့က ညနေပိုင်းမှာ မိခင်တပ်ရင်းရှိရာ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိပြီလို့ သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် သေဆုံးသူများခဲ့သည့် အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဥ်းသားများစာရင်း စစ်အုပ်စုဖုံးကွယ်ထား…

"အထူးသဖြင့် အာဏာမသိမ်းခင်ကတည်းကအဆောင်တွေကအိုဟောင်းနေပါပြီ။ အာဏာသိမ်းပြီးတော့ နိုင်ငံရေးအကျဥ်းသားတွေအများကြီးစုပြုံပြီးထည့်ထားတယ်။ ဒီတော့ ငလျင်ကြောင့်ဆိုတာထက်အဆောက်အအုံခိုင်ခန့်မှုမရှိတာကို လူတွေစုပြုံပြီးထည့်ထားတာမို့ စီမံခန့်ခွဲမှုညံ့ဖျင်းတာလို့ပြောချင်ပါတယ်။" လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ဆုံးပြီဟု သတင်းများထွက်ပေါ်ခဲ့

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)မှာ သေဆုံးသွားပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၁ယောက် PDF ထံ ထွက်ပြေးခိုလှုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့တော်ခန်းမမှာ တာဝန်ကျရင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို မုံရွာ ပကဖ ဆီ လွှဲပြောင်းအပ်နှံလိုက်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကို ပြောပါတယ်။