အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနက တိုက်ပွဲရှောင်ပြည်သူတွေဆီ သွားရောက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာနေပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းကနေ ဂျက်ဖိုက်တာ၊ ဒရုန်းနဲ့ စက်တပ်လေထီးတွေ သုံးကာ ဗုံးကြဲတိုက်ခိုက်ခြင်းတွေ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတာဖြစ်ပါတယ်။

ဒါ‌ကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်သတိ အသိ အမြဲရှိနေဖို့၊ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန် ရှောင်ရန် ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာဖို့ Nay Pyi Taw PDF က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပက တော်လှန်ပြည်သူတွေအနေနဲ့လည်း တိုက်ပွဲရှောင်ပြည်သူတွေကို အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးအပ်ချင်တယ်ဆိုရင် နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနကတဆင့် ချိတ်ဆက်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

မ​ကွေးတိုင်းရှိ ပကဖ ရဲဘော်တွေကို NUG ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူ​တွေ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ မ​ကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံတို့က မ​ကွေးတိုင်းအတွင်းရှိပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို သွားရောက် ​တွေ့ဆုံ အား​ပေးစကား​ပြောကြားခဲ့တယ်လို့ ပကဖအသံက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပျူခေါင်းဆောင် လင်းဦး၏ စခန်းကို ရေးဘီလူး ဝင်တိုက်၊ လင်းဦး ဒုတိယအကြိမ် ဆေးရုံရောက်ကာ လက်အောက်ခံ ပျူ ၄ဦး သေ

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီ ခမရ ၁၀၆ တပ်ကို Dark Shadow အဖွဲ့ အဝေးမိုင်းနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်၊ လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီရဲ့ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ YGN Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ကောင်စီစခန်းတွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ CDF-KKG Major Operation ကို ABSDF တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်မှာ Chinland Defense Force - Kalay, Kabaw, Gangaw (CDF-KKG) က Major Operation အဖြစ် ပြုလုပ်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေမှာ မဟာမိတ်ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ကွပ်ကဲမှုနဲ့ ကျောင်းသားတပ်မတော် - ABSDF စစ်ကြောင်း(၃) က မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မှာ စစ်တပ်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်နဲ့ ၁၆ နှစ်အရွယ် ကလေးတွေအပါ အရပ်သား (၄) ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေး (၂) ယောက် အပါအဝင် အရပ်သား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။