ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းက ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၂ ရက်မှာ အမိန့်ပြန်တမ်း ထုတ်လိုက်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း နိုဝင်ဘာ ၁ ရက်နေ့မှာ မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တပ်ရင်းက ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူသွားတဲ့ ရဲဘော် ရန်နိုင်စိုးကို ဦးညွှတ်ဂါရဝပြုသလို သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတွေကို အစဥ်အောက်မေ့လျက် ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၂၆) က ထုတ်ပြန်ပါတယ်။
အမိန့်စာ ထုတ်ပြန်တဲ့နေကစလို့ ရဲဘော် ရန်နိုင်စိုးကို ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး “ရဲဘော် သင်သွားလိုရာသွားနိုင်ပါပြီ.. ရဲဘော် ကောင်းရာသုဂတိလားပါစေ” လို့ ဆိုထားပါတယ်။





