ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းက ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၂ ရက်မှာ အမိန့်ပြန်တမ်း ထုတ်လိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း နိုဝင်ဘာ ၁ ရက်နေ့မှာ မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံး ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေ

တပ်ရင်းက ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူသွားတဲ့ ရဲဘော် ရန်နိုင်စိုးကို ဦးညွှတ်ဂါရဝပြုသလို သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတွေကို အစဥ်အောက်မေ့လျက် ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၂၆) က ထုတ်ပြန်ပါတယ်။

အမိန့်စာ ထုတ်ပြန်တဲ့နေကစလို့ ရဲဘော် ရန်နိုင်စိုးကို ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး “ရဲဘော် သင်သွားလိုရာသွားနိုင်ပါပြီ.. ရဲဘော် ကောင်းရာသုဂတိလားပါစေ” လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမှာ လူငယ်အယောက် ၂၀ ထက်မနည်း စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီး…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ စစ်ကောင်စီတပ်တွေက လူငယ်အယောက် ၂၀ ထက်မနည်းကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။
Read More

စစ်တပ်က အပစ်ရပ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်များ လာရောက်တိုက်ခိုက်နေသည်ဟု ဇော်မင်းထွန်း ဝါဒဖြန့်ပြောဆို

စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဝါဒဖြန့် ပြောဆိုပါတယ်။
Read More

မဲဆောက်တွင် မြန်မာတစ်ဦး ထိုင်းရဲကို သေနတ်နှင့်ပစ်ခတ်ပြီး ထွက်ပြေးသွားဟု ဆို

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်က ဖောင်းစက်ရုံနဘေး 7-Eleven စတိုးအနီးမှာ မြန်မာတစ်ဦးက ထိုင်းရဲကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 
Read More

Myanmar Defense Force က ကျဆုံးရဲဘော် ၃ ယောက်အတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (Myanmar Defense Force) အနေနဲ့ တပ်ရင်းက ရဲဘော် ၃ ယောက် ကျဆုံး​​ခြင်းအတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား (၁၆)ဦးကို ထောင်တွင်း လူစုလူ‌ဝေးပြုလုပ်မှု စွပ်စွဲအကြောင်းပြချက်ဖြင့် ဒေါက်ခတ်တိုက်ပိတ်ထား…

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၆) ယောက်ကို ထောင်တွင်းမှာ လူစုလူဝေးပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အကျဉ်းထောင်အာဏာပိုင်တွေကနေ တိုက်ပိတ်ပြီး ခြေချင်းဒေါက်တွေပါ ခတ်ကာ ပြစ်ဒဏ်ပေးထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းရောက် ရဲဘော်တွေ စစ်အသုံးအဆောင်ပစ္စည်းတွေ ဆင်ပေးခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက် စစ်ကြောင်းရဲ့ The Life Armor Project ကနေ ရရှိလာတဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေကို ကျည်ကာ အင်္ကျီ ၊ ကျည်ကာဦးထုပ် ၊ ကျည်ကာပြား ၊ ကျောပိုးအိတ်နဲ့ ဖိနပ်တွေ တပ်ဆင်ပေးန်ိုင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။