စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ချောင်းဦး ပကဖထံက သိရပါတယ်။

နိုဝင်ဘာ ၂ ရက် မနေ့က မနက် ၁၀ နာရီကျော်မှာ ချောင်းဦးမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က ၁၂၀ မမ ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးလုံးတင်ရွာနဲ့ အနီးတဝိုက် ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီး ၄ လုံးလောက်နဲ့ ပစ်သွားတာ အဲဒီရွာဝန်းကျင်ကို ကျတယ်။ တခြားဘေးရွာတွေလည်း ကျသွားတယ်။ ၂ ယောက် သေတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း တချို့ရှိတယ်လို့ ကြားတယ်။ နေအိမ်တွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” လို့ ချောင်းဦး ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။

၂၀၂၂ ခုနှစ်တွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ငါးလုံးတင်ရွာ မြင်ကွင်း

ငါးလုံးတင်ရွာဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်တပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်တာကြောင့် အရင်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

“ဒေသခံတွေ ရှောင်တိမ်းရတာမျိုး မရှိဘူး။ ငါးလုံးတင်ရွာက အရင်လည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေ ရှိဖူးတယ်။ သေဆုံးတာတွေလည်း ရှိတယ်။ ငါးလုံးတင်က အကြိမ်ကြိမ်ကို ပစ်ခံနေရတာ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ချောင်းဦးမြို့ပေါ် ဘောလုံးကွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကော်သူးလေ အုပ်ချုပ်မှုနယ်မြေထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းက နေရာတချို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။  
Read More

TRI ဗျူဟာက တပ်သားသစ်များ ခေါ်ယူနေ၊ LGBTQ လိင်စိတ်ခံယူမှု ကွဲပြားသူများပါ တပ်သားသစ်အဖြစ် လျှောက်ထားနိုင်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ - အမှတ် (၁၂၂) တပ်ရင်းက တိုက်ပွဲဝင်မယ့် တပ်သားသစ်ရဲဘော်တွေကို ဖိတ်ခေါ် ထားပါတယ်။
Read More

KNDF အမှတ် (၁၅) တပ်ရင်း ၃နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အောက်တိုဘာလ (၂၈) ရက်မှာ ကျရောက်ခဲ့တဲ့ (၃) နှစ်ပြည့်အခမ်းအနားကို မြေပြင်အခက်အခဲ အခြေအနေ အမျိုးမျိုးကြောင့် ဒီဇင်ဘာလ (၂၈) ရက်မှာမှ ကရင်နီပြည်နယ် မြေပြင်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီ လေယာဥ်ဖြင့် ၂ ရက်ဆက် ဗုံးကြဲ၊ PDF ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး ​

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်က စစ်ရှောင်ပြည်သူတွေ လိုအပ်တဲ့ အခြေခံရိက္ခာတွေကို ကျောင်းသားလက်ရုံးတပ်တော် လှူဒါန်းပြီး လေကြောင်းအန္တရာယ် အသိပညာပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေ လှူဒါန်းပေးခဲ့ပြီး လေကြောင်းအန္တရာယ် အသိပညာပေးပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲအပ်မယ်၊ စစ်မြေပြင်မှာ အသက်နဲ့လဲ တာဝန်ထမ်းကြပါဟု ဗိုလ်လောင်းတွေကို မင်းအောင်လှိုင်ပြော

နိုင်ငံအတွက် စစ်မြေပြင်မှာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။