စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ချောင်းဦး ပကဖထံက သိရပါတယ်။

နိုဝင်ဘာ ၂ ရက် မနေ့က မနက် ၁၀ နာရီကျော်မှာ ချောင်းဦးမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က ၁၂၀ မမ ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးလုံးတင်ရွာနဲ့ အနီးတဝိုက် ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီး ၄ လုံးလောက်နဲ့ ပစ်သွားတာ အဲဒီရွာဝန်းကျင်ကို ကျတယ်။ တခြားဘေးရွာတွေလည်း ကျသွားတယ်။ ၂ ယောက် သေတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း တချို့ရှိတယ်လို့ ကြားတယ်။ နေအိမ်တွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” လို့ ချောင်းဦး ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။

၂၀၂၂ ခုနှစ်တွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ငါးလုံးတင်ရွာ မြင်ကွင်း

ငါးလုံးတင်ရွာဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်တပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်တာကြောင့် အရင်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

“ဒေသခံတွေ ရှောင်တိမ်းရတာမျိုး မရှိဘူး။ ငါးလုံးတင်ရွာက အရင်လည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေ ရှိဖူးတယ်။ သေဆုံးတာတွေလည်း ရှိတယ်။ ငါးလုံးတင်က အကြိမ်ကြိမ်ကို ပစ်ခံနေရတာ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ချောင်းဦးမြို့ပေါ် ဘောလုံးကွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

သံဖြူဇရပ်တွင် စစ်ကောင်စီ၏ တိုက်ကင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ တိုက်တင်းကို ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီနှင့် ပေါင်းပြီး ပြည်သူ့နေအိမ်များကို ဖျက်ကာ တန်ဖိုးရှိပစ္စည်းများ ယူနေသည့် ပျူ ၂ ဦးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာက စစ်တပ် သတင်းပေး ပျူစောထီးတွေဖြစ်တဲ့ မြဇော်ဦးနဲ့ ဒေါ်ယူပီကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းကင်းတွင် အကြမ်းဖက်စစ်တပ် အင်အား ၅၀ ပါစစ်ကြောင်းနှင့် S.R.F တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာက နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F )  ပြောရေးဆိုခွင့်ရှိသူ  သူသူခိုင်က မောင်းကို ပြောပါတယ်။
Read More

လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကော်မရှင်တပ်သား ၁၂ ဦး သေပြီး လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ မောင်းမကန် နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးတိုင်းစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေး ဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို NUG ကျန်းမာရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်…

မန္တလေး ဆေးတက္ကသိုလ်က CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မေလ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။