အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ တိုက်ခိုက်ရေးစစ်သည်များ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၇ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း ပကဖ အသံက ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တေါကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းထားပြီး လူထုစည်းရုံးရေးလုပ်ငန်းတွေ၊ ပြည်သူ့စစ် မဟာဗျူဟာဖော်ဆောင်ရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်၊ မိုးမိတ်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရန် အနီးကပ် ကြီးကြပ်ကာ ဆက်လက်တိုက်ပွဲဝင်နေကြောင်း NUG အသိပေး

မိုးကုတ်နဲ့ မိုးမိတ်ဒေသတွေကို ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ကာ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြည်သူနဲ့လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရေး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

မြိုင်မြို့နယ်က လင်းကတောနယ်မြေရဲစခန်းကို ဒရုန်းနဲ့ မီးလောင်ဗုံးအပါအဝင် ဗုံးသီးတွေ ကြဲချတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို ဒရုန်းနဲ့ မီးလောင်ဗုံးအပါအဝင် ဗုံးသီးတွေ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade (Anyar Eagles) တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်နယ်ထဲမှာ ၂ လအတွင်း စစ်ကောင်စီတပ်သားတွေ ရဲ့ လက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၃၉ ဦးအထိ ရှိလာ…

“ ဒီနေ့ လမ်းဆုံမှာ ပစ်ခတ်ခံရတယ်အသံကြားမှ သွားကြည့်တော့ ဆေးသမားတစ်ယောက်ကလှဲနေပြီးပေါ့ သေဆုံးပြီးတော့လှဲနေပြီးပစ်သွားတဲ့ကျည်ခွံလည်းတွေ့တယ်ဘယ်လိုပုံစံဖြစ်သွားလဲဆိုတော့မသဲကွဲလိုက်ကြဘူး လမ်းဘေးက ဆေးသမားတွေကိုအခုပစ်တာ စုစုပေါင်းဆိုရင် ၁၀ ယောက်လောက်ရှိပြီး ဘယ်သူပစ်လဲဆိုတာအခုချိန်ထိမသိသေးဘူး ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက် သေဆုံး၊ နေအိမ် (၁)လုံးနှင့် ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး နေအိမ် (၁)လုံးနဲ့ ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက အီတလီနိုင်ငံခြားရေးနဲ့ အပြည်ပြည်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာနရဲ့ Deputy Director General , Principal Director for Asia, Oceania ed Antarctica. Directorate General for Globalization ဖြစ်သူ Ms. Alessandra Schiavo နဲ့ အခြားအစိုးရတာ၀န်ရှိသူတွေကို အီတလီနိုင်ငံ ၊ ရောမမြို့ရှိ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ရုံးခန်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းကို ပြင်းအားမြင့်အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။