မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက် ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ က ထွက်လာတဲ့ တပ်မ ၉၉ မှ တပ်ရင်း ၃ ရင်း ပူးပေါင်းအင်အား ၄၀၀ ဝန်းကျင်ဟာ ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ ရှားပင်ရေရွာနဲ့ ရိုးကြီးအနီးဝန်းကျင်က ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာ ချက်ကန်ရွာအနီး ပုသိမ်- မုံရွာလမ်းမပေါ်သို့ ရောက်ရှိလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက အနီးကပ်စောင့်ကြည့်လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ချက်ကန်ရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကို ရိက္ခာအဖြစ် ဖမ်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်သား ၃ ယောက်ထံက သေနတ် ၂ လက်နှင့်အတူ ကျည်၊ လက်ပစ်ဗုံး၊ ၆၀မမ ဗုံးသီး၊ အီနာဂါ၊ နင်းမိုင်း၊ RPG အဖူး၊ ကျည်ကာပြား၊ ကျည်ဘောက်အပိုအများအပြားနဲ့ စစ်ဝတ်တန်ဆာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Young Revolution Front နဲ့ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်းကလည်း စစ်ကြောင်း ၂ ကြောင်း ခွဲပြီး ဒီးဒုတ်ကွင်းရွာကို စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မိုင်းနင်းမိပြီး စစ်သား ၂ ယောက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

အဆိုပါစစ်သားတွေထံကနေလည်း ကျည်ကာဦးထုပ်နဲ့ စစ်ဝတ်တန်ဆာ၊ ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Young Revolution Front

0 Shares:
You May Also Like
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက် ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Justice Brothers Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှ ထွက်လာသည့် စစ်တပ်ယာဉ်နှင့် ကာကင်းယူထားသည့် စစ်သားများကို တိုက်ခိုက်မှု ၃ ယောက် သေ (ရုပ်/သံ)

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှ ချောင်းနှစ်ပေါက်ကျေးရွာဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်နဲ့ ကာကင်းယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို မတ်လ ၈ ရက် မနေ့က မနက်ပိုင်းမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့  မြိတ်ခရိုင်တပ်ရင်း ၂ ထံက သိရပါတယ်။
Read More

ခါချဉ်တောင်ပေါ် တက်လာတဲ့ အကြမ်းဖက်စစ်သားတွေ အယောက် ၄၀ ခန့် သေစေခဲ့တဲ့ မိုင်းဆွဲတိုက်ခိုက်မှု (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို နိုဝင်ဘာ ၂၇ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါ ချဉ်တောင်ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ၂၀၂၄ ရဲ့ နောက်ဆုံးရက် ဒီဇင်ဘာ ၃၁ ရက်က “ကြောက်စိတ်တွေကို ဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား”ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ Jummerကို ကျော်လွှားနိုင်ခဲ့သည့် ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

KNLA တပ်မဟာ (၃) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် ၁ ခုကို  Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေပြည်သာ ပကဖ နှင့် Yangon Federal Army – YFA ပူးပေါင်းပြီး လွတ်မြောက်နယ်မြေမှာ အခြေခံစစ်ပညာသင်တန်းဖွင့် (ရုပ်/သံ)

ရွှေပြည်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Yangon Federal Army - YFA တို့ ပူးပေါင်းပြီး တိုင်းရင်းသားနယ်မြေ တစ်နေရာမှာ ၂/၂၀၂၄ အပတ်စဉ် အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။