မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက် ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ က ထွက်လာတဲ့ တပ်မ ၉၉ မှ တပ်ရင်း ၃ ရင်း ပူးပေါင်းအင်အား ၄၀၀ ဝန်းကျင်ဟာ ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ ရှားပင်ရေရွာနဲ့ ရိုးကြီးအနီးဝန်းကျင်က ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာ ချက်ကန်ရွာအနီး ပုသိမ်- မုံရွာလမ်းမပေါ်သို့ ရောက်ရှိလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက အနီးကပ်စောင့်ကြည့်လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ချက်ကန်ရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကို ရိက္ခာအဖြစ် ဖမ်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်သား ၃ ယောက်ထံက သေနတ် ၂ လက်နှင့်အတူ ကျည်၊ လက်ပစ်ဗုံး၊ ၆၀မမ ဗုံးသီး၊ အီနာဂါ၊ နင်းမိုင်း၊ RPG အဖူး၊ ကျည်ကာပြား၊ ကျည်ဘောက်အပိုအများအပြားနဲ့ စစ်ဝတ်တန်ဆာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Young Revolution Front နဲ့ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်းကလည်း စစ်ကြောင်း ၂ ကြောင်း ခွဲပြီး ဒီးဒုတ်ကွင်းရွာကို စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မိုင်းနင်းမိပြီး စစ်သား ၂ ယောက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

အဆိုပါစစ်သားတွေထံကနေလည်း ကျည်ကာဦးထုပ်နဲ့ စစ်ဝတ်တန်ဆာ၊ ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Young Revolution Front

0 Shares:
You May Also Like
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကြားဖြတ်တိုက်ခိုက်မှု ယာဉ်ကြီး ၅ စီး သိမ်းဆည်းရရှိပြီး စစ်သား ၉ ယောက်သေ၊ ၇ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ၁၀ စီးယာဉ်တန်းကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက မုံရွာ-အရာတော်လမ်းပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Brothers Revolution Force-Monywa အဖွဲ့ထံက သိရပါတယ်။
Read More

လေကြောင်းရန်ကြောင့် အလှူထမင်းစားဖို့ ကြောက်လန့်နေရတဲ့ အညာဒေသ (ရုပ်/သံ)

အညာဒေသတစ်နေရာရဲ့  အလှူပွဲတစ်ခုမှာ လေယာဉ်သံကြောင့် ထမင်းစားနေသူတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးနေကြတဲ့ ဗီဒီယိုတစ်ခု ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

စေတုတ္တရာမြို့နယ်အတွင်း ပျူစခန်းကို ဗုံးကြဲပြီး စစ်ကူလာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စု အယောက် ၂၀ သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် ကူတော်ရွာရှိ ပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး စစ်ကူလာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စေတုတ္တရာမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့တွင် စစ်သားများ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ကားပေါ်ပါတဲ့ ၄ ယောက်လုံး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ မော်တော်ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေပြီး သေနတ်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ Young Force - UG အဖွဲ့ထံက သိရပါတယ်။
Read More

သာသနာရေးကား စီးနင်းလာသည့် ဒုရဲအုပ်အပါ ရဲ ၅ယောက်ကို ကြားဖြတ်တိုက်ခိုက်၊ ၃ယောက်သေပြီး ၂ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကျောသာကျေးရွာနဲ့ သပြေစမ်းကျေးရွာကြားမှာ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက ဒုရဲအုပ် ရန်နိုင်ဌေး ဦးဆောင်ကာ ရဲ ၅ ယောက် စီးနင်းလာတဲ့ သာသနာရေး နံပါတ်ပြားကပ်ယာဉ်ကို တော်လှန် ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်အမှတ် (၅)တပ်ရင်းထံက သိရပါတယ်။
Read More

ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံပြည်သူများ ဝိုင်းဝန်းရိုက်နှက်သဖြင့် တော်လှန်ရေးရဲဘော်များ တားဆီးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံပြည်သူတွေက ဝိုင်းဝန်းရိုက်နှက်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေက တားဆီးခဲ့ရတဲ့ ရုပ်သံဖိုင်တစ်ခုကို ပခုက္ကူခရိုင် တပ်ရင်း-၁၅ က ထုတ်ပြန်ခဲ့ပါတယ်။