ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်လွှတ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာ ၂၅ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့က တာဝန်ခံတွေ၊ အဖွဲ့ဝင်တွေ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲရေးကော်မရှင်မှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေက ကိုယ်စားလှယ်တွေအပါအဝင် စုစုပေါင်း အယောက် ၁၈၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမေရိကန်နိုင်ငံ NYCBC ဥက္ကဌ၊ NUG-MOD မဟာဗျူဟာနှင့် စစ်ရေးနိုင်ငံရေးအကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးတင်နေမြင့်တို့က လက်ရှိ နိုင်ငံတကာ သံတမန်အခင်းအကျင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးကာ မေးမြန်းမှုတွေကို ဖြေကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံမှုကို ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ CRYH က ဦးဆောင်စီစဥ်ခဲ့တာဖြစ်ပြီး ရှေ့လတွေတုန်းကလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့နဲ့ အခုလို တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၀ ကို စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်း

ရန်ကုန်နဲ့ မန္တလေးက  အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို စစ်ကောင်စီက တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာတွေမှာဖော်ပြလာပါတယ်။ တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့ အပါအဝင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားအယောက်၂၀ကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဆင်းရဲနွမ်းပါးမှု ၂ ဆ မြင့်တက်လာတဲ့ မြန်မာကို သြစတြေးလျက ကူညီထောက်ပံ့မှုတွေ ပြုလုပ်မယ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာလို့ သြစတြေးလျက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁.၄ သန်း ပေးအပ်ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။
Read More

မိုးမိတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါ (၃)ဦး‌ သေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ… နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ဒေသခံ (၃) ယောက် သေဆုံးပြီး (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မလေးရှားနှင့် အာဆီယံတို့ မြန်မာမှာ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးမည်ဟု ဆို

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan ဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူ စက်တင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံကို တရားဝင် လာရောက်မှာဖြစ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အကောင်အထည်ဖော်ရေး နည်းလမ်းတွေနဲ့ အခြားအကြောင်းအရာတွေ ဆွေးနွေးမှာဖြစ်ကြောင်း Bernama သတင်းက ဩဂုတ်လ ၁၄ ရက်မှာ ဖော်ပြထားပါတယ်။ 
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက်၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရာ ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။