ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Launglone People Defence Force (LLPDF) က သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာဖက်ကနေ ကရင်ကြီးရွာဖက်ကို အင်အား ၇၀ကျော်နဲ့ စစ်ကြောင်းထိုးလာချိန် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ တစ်ကြိမ်၊ ၂၂ ရက်နေ့မှာ တစ်ကြိမ် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်အချိန်မှာ ကရင်ကြီးရွာကို ရောက်လာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ၂နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နောက်တရက် အောက်တိုဘာလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်မှာလည်း ကရင်ကြီးကျေးရွာကတဆင့် ကမ်းပနီကျေးရွာဘက်ကို ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အချိန် ၂ နာရီကြာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြားဖြတ် တိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်တပ်ဘက်က ၈ ယောက် သေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွေကို လောင်းလုံး(ပကဖ)-ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ရင်း-တပ်ခွဲ-၇ (LPF) ၊ ဒေါနတပ်ရင်း-တပ်ခွဲ-၄ (KBDF)၊ ရာမညမွန်တပ်တော်၊ (DNLA) ဒူရကစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကြားဖြတ်တိုက်ခိုက်မှု ၂ ကြိမ်အပြီးမှာတော့ ကမ်းပနီကျေးရွာနဲ့ ပညစ်ကျေးရွာကြားက သိကြားမင်းထိုင်တောင်ပေါ်ကို စစ်တပ်စစ်ကြောင်း ရောက်ရှိလာရာ ကာတောင်ပေါ်မှာ ယာယီတပ်စွဲနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းတွေနဲ့ ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှာ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။

ဒရုန်းတိုက်ခိုက်မှုကိုတော့ လောင်းလုံး (ပကဖ) – ထားဝယ်ခရိုင်၊ တပ်ပေါင်းစုဒေါနတပ်ရင်း – တပ်ခွဲ-၇ (LPF)၊ ဒေါနတပ်ရင်း – တပ်ခွဲ-၄ (KBDF) ၊ ရာမညမွန်တပ်တော်၊ (DNLA) ဒူရကစစ်ကြောင်းနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲနယ်အတွင်းက စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်တဲ့ ဒရုန်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းစစ်ဆင်ရေးပြုလုပ်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
Read More

ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို သရုပ်ပြခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်က သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များ

ကျောင်းသားကျောင်းသူ ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို သရုပ်ပြဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတစ်ခု ရန်ကုန်မြို့လယ်ခေါင်မှာ ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force (YRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောတိုက်နယ်အတွင်း ရွှေပင်ရွာ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး ၁ ပွင့်ဗိုလ် သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ်အ‌တွင်းရှိ စစ်အုပ်စုဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ (YDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

သြဂုတ်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁) ဦးနှင့် သုံးစွဲသူ (၁၂) ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA ထုတ်ပြန်

တအာင်းပြည်၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူနဲ့ ‌ကျောက်မဲမြို့နယ်တွေမှာ သြဂုတ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၁) ယောက်နဲ့ သုံးစွဲသူ (၁၂)ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၄) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ -ကမ္မ -‌ ရေပြာလမ်းပိုင်းနှင့် ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်မှ စစ်သား ၂ ဦး အလင်းဝင်လာ

မကွေးတိုင်းအတွင်း ပခုက္ကူ-ကမ္မ-‌ ရေပြာလမ်းပိုင်းနဲ့ ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ မြိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။