ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ကို တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျားသစ်နက် တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြဝတီမြို့နယ် လေးကော့ကော်မြို့သစ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ BGF ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

”တပ်မ ၂၂ မှ ပေးပို့လိုက်သော လက်ဆောင်များအား ဗိုလ်မှူးကြီးဒါဘောမှ လက်ခံရရှိပါကြောင်း” လို့ ရေးသားပြီး သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကို ကျားသစ်နက် တပ်ခွဲ ၂ က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

Video – Black Panther Column – တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံသို့ သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ ၂၂ သို့ သွယ် တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် တွင်းမပျူစခန်းက ကင်းပတ်ထွက်လာတဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေကို ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၁၁၇) တပ်သား- ရဲရင့်ခန့်ညား၏ ပြောကြားချက် (ရုပ်/သံ)

''သူငယ်ချင်း ၃ ယောက် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၉ နာရီခွဲလောက် ၇၃ လမ်း ပေါ်က ပြန်လာတဲ့အချိန် ကျနော်တို့ကို လမ်းမှာစစ်ပြီးခေါ်လာတာ။ ပြီးတော့ ကျောက်မီးသွေးစခန်းကို ပို့လိုက်တယ်။ ပြီးတော့ ကျနော်တို့အမေတွေကို ခေါ်ပြီးတော့ ပြန်ထွက်ချင်ရင် ပိုက်ဆံ ၁၅၀ (ကျပ်သိန်း ၁၅၀) ပေးရမယ်ဆိုပြီးပြောတယ်။ ကျနော်တို့ အမေတွေကလည်း ပိုက်ဆံ ၁၅၀ ပေးလိုက်တော့ ကျနော်တို့ကို ညတွင်းချင်းပဲ ပြင်ဦးလွင် စုဆောင်းရေးကို ပို့လိုက်တယ်။ ပြင်ဦးလွင်မှာ ၁၀ ရက်လောက်ထားပြီး ဗထူးသင်တန်းကျောင်းကို ပို့လိုက်တယ်”
Read More

ကပစ ၂၁ သို့ ပို့လွှတ်နေသော လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ရန်လာသည့် စစ်ကောင်စီတပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်ဟန့်တား (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ ၂၁ သို့ ပို့လွှတ်နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဟန့်တားခဲ့တယ်လို့ People Defence Force - Chauk - သခင်ဖိုးလှကြီးတပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနှင့် သယ်ဆောင်လာသည့် မူးယစ်ဆေးများ ဖမ်းမိကြောင်း CDF – Hakha ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဗားရ်တံတားမှာ ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖမ်းဆီးရမိကြောင်း Chinland Defense Force-Hakha က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားတောင်က စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုကို ဒရုန်းနဲ့ဗုံးကြဲ (ရုပ်/သံ)

စစ်ကိုင်းမြို့က  ဆားတောင်ရဲစခန်းနဲ့ အထက ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောဖီးတွေကို ၂ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းကို Royal Falcon Guerilla Force က ထုတ်ပြန်လိုက်ပါတယ်။