စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ မနက် ၇နာရီကျော်လောက်မှာ အကြမ်းဖက်စစ်တပ်က အင်အား ၁၅ ယောက်ခန့်နဲ့ မိုင်းရှာဖို့ ထွက်လာချိန် မုံရွာ-မန္တလေး လမ်းမပြီး တစ်နေရာအရောက် တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၃လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့မှုတော့ မရှိလိုက်ဘူး။ မိုင်းပဲ ဆွဲလိုက်တာ၊ သေဆုံးမှုက မကြားသေးဘူး။ ဒဏ်ရာရတဲ့ကောင်တွေကို ဆက်ရှာတယ်။ ဆုတ်ခွာမသွားဘူး” လို့ Chindwin Fighter Group – CFG တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဟာ စစ်အုပ်စု ရောက်လာမှာကို ကြိုတင်သတင်းရလို့ စောင့်ဆိုင်းနေတာမျိုး မဟုတ်ဘဲ အဆိုပါ လမ်းပိုင်းတွေမှာ မကြာခဏ မိုင်းရှာဖွေရေး လုပ်တတ်တာကြောင့် ကြိုတင် မိုင်းထောင်ထားပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့လာမှာကို ကြိုတင်သိလို့တော့ မဟုတ်ဘူး။ သူတို့တွေက တခါတလေဆို မိုင်းထွက်ရှင်းတယ်။ သူတို့ အလုပ်ကိစ္စတွေ ပေါ်လာပြီဆိုရင် မိုင်းထွက်ရှင်းတာများတယ်။ လမ်းမိုင်းပေါ့လေ.. မိုင်းက ကြိုထောင်ထားတာ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အကြမ်းဖက်စစ်အုပ်စုက အနီးတဝိုက်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ခရီးသွားပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကိုတော့ Brave Heart Army – BHA ၊ Monywa Dynamite. STF နဲ့ Chindwin Fighter Group – CFG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမှာ တိုင်းရင်းဆေးရုံထဲအထိုင်ချထားတဲ့ စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးမှန်လို့ လယ်ထဲပေါင်းနုတ်နေတဲ့ အမျိုးသမီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့လို့ ပေါင်းနုတ်နေတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

NLD အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံတွင် ကွယ်လွန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်် (NLD) အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာမြင့်ထွေး ​ဟာ ဇန်နဝါရီလ (၂၆) မနေ့ညပိုင်းမှာ ကွယ်လွန်သွားခဲ့ရပြီလို့ သိရပါတယ်။
Read More

ယောကာကွယ်ရေးတပ်က ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စိုးမိုးနယ်မြေအတွင်း ချောင်းကူးလမ်းလွှဲတံတား ဆောက်လုပ်ပေးခဲ့

ယောဒေသ မြောက်ပိုင်းရှိ ကျေးရွာ (၁၀) ရွာခန့်က ပြည်သူတွေ အဓိကထား အသုံးပြုနေရတဲ့ ချောင်းကူးတံတားမှာ ထက်ပိုင်းကျိုးလုနီးပါး ဖြစ်နေပြီး ယာဥ်တွေ ဖြတ်သန်းမောင်းနှင်ရာမှာ အန္တရာယ် ရှိလာနိုင်တဲ့အတွက် အခွန်ဂိတ်တွေက ရရှိတဲ့ ဘဏ္ဍာငွေတွေထဲက ဒေသဖွံဖြိုးရေးအတွက် အချိုးကျ အသုံးပြုကာ လမ်းလွှဲတံတား တည်ဆောက်ခဲ့တယ်လို့ ယောဒေသ အခြေစိုက် ယောကာကွယ်ရေးတပ် - YDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော်အတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၃၂၀ ကျော်အထိရှိလာ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်ခွဲကျော်ကာလအတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၃၂၀ ကျော် ဖြစ်ပွားခဲ့ပြီး  အရပ်သားပြည်သူ ၃၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

အမှတ် (၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်တွင် အင်အားဖြည့် စစ်တပ်စစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲ ၃ကြိမ်ဖြစ်၊ အကြမ်းဖက် စစ်ကော်မရှင်ဘက်က ၂၅ ဦး သေပြီး၊ အယောက် ၃၀ ကျော် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ ရက် ဖြစ်ပွားပြီး စစ်သားနဲ့ ပျူစောထီး ၂၅ ယောက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDSOM ဗိုလ်စင်္ကြာစစ်ကြောင်း ရဲဘော် စမာက မောင်းကိုပြောပါတယ်။