စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ မနက် ၇နာရီကျော်လောက်မှာ အကြမ်းဖက်စစ်တပ်က အင်အား ၁၅ ယောက်ခန့်နဲ့ မိုင်းရှာဖို့ ထွက်လာချိန် မုံရွာ-မန္တလေး လမ်းမပြီး တစ်နေရာအရောက် တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၃လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့မှုတော့ မရှိလိုက်ဘူး။ မိုင်းပဲ ဆွဲလိုက်တာ၊ သေဆုံးမှုက မကြားသေးဘူး။ ဒဏ်ရာရတဲ့ကောင်တွေကို ဆက်ရှာတယ်။ ဆုတ်ခွာမသွားဘူး” လို့ Chindwin Fighter Group – CFG တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဟာ စစ်အုပ်စု ရောက်လာမှာကို ကြိုတင်သတင်းရလို့ စောင့်ဆိုင်းနေတာမျိုး မဟုတ်ဘဲ အဆိုပါ လမ်းပိုင်းတွေမှာ မကြာခဏ မိုင်းရှာဖွေရေး လုပ်တတ်တာကြောင့် ကြိုတင် မိုင်းထောင်ထားပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့လာမှာကို ကြိုတင်သိလို့တော့ မဟုတ်ဘူး။ သူတို့တွေက တခါတလေဆို မိုင်းထွက်ရှင်းတယ်။ သူတို့ အလုပ်ကိစ္စတွေ ပေါ်လာပြီဆိုရင် မိုင်းထွက်ရှင်းတာများတယ်။ လမ်းမိုင်းပေါ့လေ.. မိုင်းက ကြိုထောင်ထားတာ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အကြမ်းဖက်စစ်အုပ်စုက အနီးတဝိုက်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ခရီးသွားပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကိုတော့ Brave Heart Army – BHA ၊ Monywa Dynamite. STF နဲ့ Chindwin Fighter Group – CFG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ဆည်မြို့အနီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG တရားဝင် တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို NUG ဝန်ကြီး ဒေါက်တာ တူးခေါင် ကွင်းဆင်းစစ်ဆေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားဝင်တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးက အိုးဝေသမားတစ်ယောက် လူရော အိုးဝေပါ ပျောက်ဆုံးနေ

မန္တလေးမြို့၊ မဟာအောင်‌မြေမြို့နယ်မှာ နေထိုင်တဲ့ အိုးဝေသမားတစ်ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက် ညနေပိုင်းကနေ ဒီနေ့အချိန်ထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ရိက္ခာရှာန် ထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦးသေဆုံး…

" တိုက်ပွဲကြာချိန်ကတော့နာရီဝက်လောက်ထိ ထိတွေ့မှုဖစ်ပါတယ်၊ထိခိုက်သေဆုံးမှုကတော့ကျွန်တော်တို့မျက်မြင်၂ရောက်ဖစ်ပါတယ်အခြာကဆက်လက်စုံစမ်းနေတုန်းပါ ၊ သူတို့ရိက္ခာပျက်သောက်တာကခန့်မှန်းခြေအရ၅ရက်လောက်ရှိပြီး " လို့ RED GIANTတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူ ဒေါင်းနီက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

သန်ခေါင်စာရင်းကောက်ယူရာမှာ ပါဝင်ဆောင်ရွက်နေသူတွေကို တိုင်ကြားနိုင်တယ်လို့ ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ

အကြမ်းဖက်စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲ အထမြောက်ဖို့ သန်ခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်ဆောင်ရွက်နေသူတွေကို တိုင်ကြားနိုင်တယ်လို့ ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကနေ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက‌နေ မတရားအာဏာသိမ်းခဲ့တဲ့ ၄ နှစ်နီးပါး ကာလအတွင်းမှာ ပြည်သူလူထုကို မငဲ့ဘဲ…
Read More

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်အလှူ ABSDF ဌာနချုပ်မှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်အတွက် ရည်စူးတဲ့ ရက်လည်အလှူကို ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ပါတယ်။