စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Monywa Dynamite – Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က မုံရွေးတန်ပိုကတ္တားဂိတ်ကနေ အင်အား ၁၅ ယောက်ခန့်နဲ့ မိုင်းရှာထွက် လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-မန္တလေးကားလမ်းတစ်နေရာမှာ ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားတွေထဲက ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA ၊ MONWYA DYNAMIDE.STF နဲ့ CHINDWIN FIGHTER GROUP.CFG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Monywa Dynamite – Special Task Force

0 Shares:
You May Also Like
Read More

KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ရဲစခန်းရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ကချင်ပြည်နယ် ချီဖွေမြို့ရဲစခန်းကို KIA တပ်တွေက ထိန်းချုပ်ထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

မတရားစစ်မှုထမ်းခြင်းဟာ အခြေခံလူတန်းစားတွေကို ဦးတည်နေ၊ စစ်ကောင်စီအတွက် အသေမခံဘဲ တော်လှန်ရေးမှာ ပူးပေါင်းကြဖို့ Jusitce Soldier PDF ခေါင်းဆောင် ကိုဇွဲ တိုက်တွန်း (ရုပ်/သံ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်သားစုဆောင်းခဲ့ရာ အပတ်စဉ် (၁၅) အထိ ရောက်ရှိလာပြီဖြစ်ပြီး အပတ်စဉ်တစ်ခုမှာ လူငါးထောင်နှုန်းဆိုရင် အင်အား ၇၅၀၀၀ အထိ ရှိလာပြီဖြစ်ပါတယ်။ 
Read More

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ အက်ဆစ်တင်လာသည့် ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်၊ ယာဉ် ၅ စီး ပျက်စီးပြီး စစ်ကောင်စီလက်အောက်ခံ ၃ ယောက်ဖမ်းမိ (ရုပ်/သံ)

ရန်ကုန်မြို့ ဆိပ်ကမ်းကနေ ဆာလ်ဖျူရစ်အက်ဆစ်သယ်လာတဲ့ တွဲကား ၂၈ စီးနဲ့ စစ်ကိုင်းမြို့ တပ်မ ၃၃ က ထွက်လာတဲ့ တွဲကား ၁၈ စီး၊ ဂျန်ဘာယာဉ် ၅ စီးတို့ကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးမြို့က ၁၁ ထပ်မြင့်တဲ့ Sky Villa Condo ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိ Sky Villa Condo ဟာ ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွားပြီး လူအများအပြားပိတ်မိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်က အင်မထီး ကျေးရွာကို မြေပြင်ကနေ ရိက္ခာ မပို့ဆောင်နိုင်တော့တဲ့ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ချပေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီး ကျေးရွာက အကြမ်းဖက်စစ်တပ် ပူးပေါင်း ပျူစောထီးအဖွဲ့ဝင်တွေကို မြေပြင်ကနေ ရိက္ခာ မပို့ဆောင်နိုင်တာကြောင့် အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပို့နေရတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက ရုပ်သံမှတ်တမ်းသက်သေနဲ့အတူ စုံစမ်းသိရှိရပါတယ်။
Read More

လားရှို့မြို့သို့ စစ်ကောင်စီယာဉ်တန်းများ ဝင်ရောက်လာ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်းတွေ ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာပြီလို့ ဒေသခံတွေထံက သိရပါတယ်။