စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Monywa Dynamite – Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က မုံရွေးတန်ပိုကတ္တားဂိတ်ကနေ အင်အား ၁၅ ယောက်ခန့်နဲ့ မိုင်းရှာထွက် လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-မန္တလေးကားလမ်းတစ်နေရာမှာ ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားတွေထဲက ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA ၊ MONWYA DYNAMIDE.STF နဲ့ CHINDWIN FIGHTER GROUP.CFG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Monywa Dynamite – Special Task Force

0 Shares:
You May Also Like
Read More

လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းဆောင်နဲ့ စေတီတော် ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က သာသနာ ၂၅၀၀ တောင်ကုန်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းဆောင်နဲ့ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ထောက်ပို့ပစ္စည်းတွေ ပို့ပြီး ပြန်လာတဲ့ စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် မနေ့က နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

မုံရွာမြို့ စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်ပစ်ခတ်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့အထိမ်းအမှတ် Challenge မှာ အဆို‌တော် Rဇာနည်က ဒိုက်အခါ ၈၀ ထိုးပြီး ပါဝင် (ရုပ်/သံ)

''ဒီနေ့မနက် တစ်ခါကပြောဖူးတဲ့ အနယ်နယ်အရပ်ရပ် ကနေ ကျောင်းလာတတ်တဲ့ ကျောင်းတွေ အများအပြားရှိတဲ့ UCDAVIS မှာ ကျောင်းသားတွေမှာတဲ့ ပစ္စည်းတွေလိုက်ပို့ဖြစ်တယ် ပညာရေးကိုအမြဲဦးစားပေတဲ့ အမေစုကိုသတိရတာရယ် အသက် ၈၀ ပြည့်မွေးနေ့မှာ ၈၀ ပါတာ တစ် ခုခု လုပ်ဖြစ်ချင်တာရယ်ကြောင့် အမေကျန်းမာစေရန်နဲ့ အချုပ်အနှောင်မှအမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းရင်း ကိုခါရာ ကြီးလို ဒိုက်အခါ ၈၀ ထိုးဖြစ်ခဲ့တယ် ထိုးတဲ့နေရာကတော့ Davis Old town C street မှာရှိတဲ့ Park အသေးလေးရှေ့မှာပါ''လို့ Rဇာနည်က ရေးသားပြီး ၎င်းရဲ့ Facebook စာမျက် နှာကနေ မျှဝေခဲ့ပါတယ်။
Read More

မူဆယ်မြို့အထွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အထွက်မှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ နေပြည်တော် PDF ထုတ်ပြန်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Battalion 808 - Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။