မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ က ထွက်လာတဲ့ တပ်မ ၉၉ က တပ်ရင်း ၃ ရင်း ပူးပေါင်းအင်အား ၄၀၀ ဝန်းကျင်ဟာ ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ ရှားပင်ရေရွာနဲ့ ရိုးကြီးအနီးဝန်းကျင်က ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာ ချက်ကန်ရွာအနီး ပုသိမ်- မုံရွာလမ်းမပေါ် ရောက်ရှိလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက အနီးကပ် စောင့်ကြည့်လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ချက်ကန်ရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကို ရိက္ခာအဖြစ် ဖမ်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသည့် စစ်သား ၃ ဦးနှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

“ပြောရရင်တော့ ကျနော်တို့အဖွဲ့တင် မိတာက ၃ ယောက်။ အလင်းဝင်လာတာက ၁ ယောက်၊ စစ်ကြောင်းမှာ နေခဲ့လို့ ဖမ်းမိတာက ၁ယောက်၊ ထွက်ပြေးလာတာက ၁ ယောက်ပေါ့နော်။ ဘေးမှာလည်း တခြားမိတာလည်း ၃ယောက်ရှိသေးတယ်ဗျ။ ကျနော်တို့ မိတာမှာ ပသစက ၂ ယောက်၊ ၁ယောက်ကတော့ စစ်သားဖြစ်တာ ကြာပြီပေါ့နော် ၁၅ နှစ်တာဝန်ထမ်းထားတဲ့သူက ၁ ယောက် (ဒုတပ်ကြပ်ကြီး) ပါတယ်” လို့ Young Revolution Front အဖွဲ့ ရုံးတာဝန်ခံ လွင်မိုးက မောင်းကို ပြောပါတယ်။ 

အဆိုပါစစ်သား ၃ ယောက်ထံက သေနတ် ၂ လက်နဲ့အတူ ကျည်၊ လက်ပစ်ဗုံး၊ ၆၀ မမ ဗုံးသီး၊ အီနာဂါ၊ နင်းမိုင်း၊ RPG အဖူး၊ ကျည်ကာပြား၊ ကျည်ဘောက်အပို အများအပြားနဲ့ စစ်ဝတ်တန်ဆာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“အခုဖမ်းဆီးရမိတဲ့ စစ်သားတွေကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်။ ပြီးရင်တော့ လူ့အခွင့်အရေးနဲ့အညီ ရပိုင်ခွင့်တွေကို အပြည့်အဝပေးပါမယ်။ သူတိုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အစ ကျနော်တို့ ပေးဖို့ရှိတယ်ဗျ။ သိစေချင်တာက ကျနော်တို့ဘက်ကို အလင်းဝင်လာတာ… ဘက်ပြောင်းခိုလှုံလာတာဆိုရင် စစ်မှုထမ်းမဟုတ်ဘဲ စစ်သားဖြစ်နေပါစေ အခုလို ထားပေးတယ်ဆိုတာကို သိစေချင်ပါတယ်” လို့ ဆိုပါတယ်။ 

စစ်တပ်ထဲမှာတော့ PDF ဘက်ကို ဘက်ပြောင်းရင် PDF တွေက သတ်ပစ်မှာဆိုပြီး ဝါဒဖြန့်ခြိမ်းခြောက်မှုတွေ ရှိနေပြီး အဲဒီ ဝါဒဖြန့်မှုတွေက အမှန်တကယ် မဟုတ်ကြောင်းကိုလည်း စစ်မှုထမ်းတပ်သားတွေဖြစ်စေ၊ စစ်သားတွေဖြစ်စေ သိစေချင်တယ်လို့ သူက ပြောပါတယ်။  

အဆိုပါစစ်ဆင်ရေးကို  Young Revolution Front နဲ့ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့…

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ CRPH ရဲ့ သဝဏ်လွှာထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မဟာမိတ်တွေရရှိခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေ၊ စစ်ရေးအရ သိသာထင်ရှားတဲ့ အောင်ပွဲတွေနဲ့ နယ်မြေထိန်းချုပ်မှု ရရှိထားနိုင်မှုတို့အတွက် ဂုဏ်ယူလေးစားတယ်လို့ ဖော်ပြထားပါတယ်။
Read More

နိုင်ငံတော်ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဒေါက်တာအေးမောင်ကို ရွေးကောက်ပွဲဝင်နိုင်ရန် စစ်ကော်မရှင် လွတ်ငြိမ်းခွင့်ပေး 

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေအားလုံးကနေ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဆေးဝါးကုသရေး ခက်ခဲသည့်နေရာများမှ ပြည်သူလူထုကို တပ်ကုန်းမြို့နယ် PDF ဆေးဝါးကုသမှုပေးနေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနခွဲ၊ နေပြည်တော် တပ်ရင်း ၈၀၃ - တပ်ကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဆေးဝါးကုသရေး ခက်ခဲတဲ့နေရာတွေမှာ ပြည်သူလူထုကို ဆေးဝါးကုသမှုပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျောက်မဲမြို့ထဲ အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးများ ကြဲချရင်း ထိုးဖောက်ဝင်ရောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ထဲကို စစ်ကော်မရှင်တပ်တွေ ထိုးဖောက်ဝင်ရောက်နေပြီး တအာင်းတပ်မတော် TNLA ရှိမယ်လို့ထင်တဲ့ နေရာတွေကို ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြိုင် ပကဖ အခြေခံ စစ်သင်တန်းဆင်းပွဲ

မြိုင်ပကဖ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၁ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ အသီးသီး သဝဏ်လွှာ ပေးပို့၊ တော်လှန်ရေးမှာ AA အပေါ် ယုံကြည်ကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောဆို

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးနဲ့အတူ တော်လှန်ရေးကို အောင်ပွဲရရှိတဲ့အထိ စည်းလုံးညီညွတ်သွားမယ်လို့ အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့  ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။