အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနက တိုက်ပွဲရှောင်ပြည်သူတွေဆီ သွားရောက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာနေပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းကနေ ဂျက်ဖိုက်တာ၊ ဒရုန်းနဲ့ စက်တပ်လေထီးတွေ သုံးကာ ဗုံးကြဲတိုက်ခိုက်ခြင်းတွေ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတာဖြစ်ပါတယ်။

ဒါ‌ကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်သတိ အသိ အမြဲရှိနေဖို့၊ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန် ရှောင်ရန် ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာဖို့ Nay Pyi Taw PDF က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပက တော်လှန်ပြည်သူတွေအနေနဲ့လည်း တိုက်ပွဲရှောင်ပြည်သူတွေကို အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးအပ်ချင်တယ်ဆိုရင် နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနကတဆင့် ချိတ်ဆက်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စက်ရုံထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း (၂) မှ တပ်ရင်းအရာရှိများက တပ်ခွဲမှူးနှင့် ရဲဘော်များကို တွေ့ဆုံခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) က တပ်ရင်းအရာရှိတွေဟာ တပ်ရင်းအတွင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် စစ်ကြောင်းထိုး၊ ပစ္စည်းခိုးသည့် စစ်သားများ ကြားဖြတ်တိုက်ခံရ၊ ဒုစစ်ကြောင်းမှူးအပါ ၁၀ ဦး ထက်မနည်းသေပြီး ပြည်သူ ၃ ဦးလည်း ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေဆီ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူဖမ်း၊ ပစ္စည်းခိုးတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ဒုစစ်ကြောင်းမှူးအပါ စစ်ကောင်စီဘက်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Black Eagle PDF- Bagan တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဇီးသီးက မောင်းကိုပြောပါတယ်။
Read More

ရှမ်းတောင်မှာ စစ်ကောင်စီကြောင့် တစ်နှစ်အတွင်း အရပ်သားပြည်သူ ၁၂၀ ကျော် သေဆုံးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၁၂၀ကျော် သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး

စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ ၂၆၈) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မိုးမောက်နဲ့ ဗန်းမော်ကြား KIA သိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်နေ

စစ်ကောင်စီက မိုးမောက်နဲ့ ဗန်းမော်မြို့ကြားက KIA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။