ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းက ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၂ ရက်မှာ အမိန့်ပြန်တမ်း ထုတ်လိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း နိုဝင်ဘာ ၁ ရက်နေ့မှာ မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံး ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေ

တပ်ရင်းက ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူသွားတဲ့ ရဲဘော် ရန်နိုင်စိုးကို ဦးညွှတ်ဂါရဝပြုသလို သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတွေကို အစဥ်အောက်မေ့လျက် ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၂၆) က ထုတ်ပြန်ပါတယ်။

အမိန့်စာ ထုတ်ပြန်တဲ့နေကစလို့ ရဲဘော် ရန်နိုင်စိုးကို ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး “ရဲဘော် သင်သွားလိုရာသွားနိုင်ပါပြီ.. ရဲဘော် ကောင်းရာသုဂတိလားပါစေ” လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြို့ပေါင်း ၈၀ ကျော် လက်လွှတ်ထားရသည့် စစ်ခေါင်းဆောင် သူ့စစ်တပ်ကို စစ်ပွဲမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုကြဖို့ မှာကြား

စစ်ကောင်စီရဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝဖို့ လိုအပ်ပြီး စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ပုလဲမြို့နယ်က တောင်ယမားဆည်ကို မြို့နယ် ပအဖ သွားရောက်ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံ၊ တိုက်နယ် ပအဖ ခေါင်းဆောင်တွေပ တောင်ယမားဆည်ဆီ သွားရောက်ပြီး ဆည်ရေအခြေအနေ၊ ရေပိုလွှဲကနေ ရေကျော်နေမှုနဲ့ ရေလွှတ်မြောင်းမကြီးက ရေလွှတ်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ပုလဲမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ
Read More

စစ်ကောင်စီ ဘက်ဂျက်ငွေ အကြောင်းပြပြီး ထောင်မှာ အစားအသောက်‌ လျှော့ကျွေး

အာဏာသိမ်း စစ်ကောင်စီဟာ ဘက်ဂျက်ငွေကို အကြောင်းပြပြီး အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို အစားအသောက်တွေ လျှော့ကျွေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးတွင် ယာဉ်တိုက်မှုဖြစ်ပြီး မောင်းပြေးသည့်ကားအောက် ညပ်ပါသွားသော အမျိုးသမီး အသက်ရှင်

“မျက်မြင်တွေ့လိုက်တဲ့ ကောင်မလေးကလည်း သူ့ကို အန္တရာယ်ပြုမှာစိုးလို့ ဘာမှ မပြောရဲဘူး ဖြစ်နေတာပေါ့နော် အခုအခြေအနေက။ ဖြစ်သွားတဲ့ အချိန်ကလည်း လူရှင်းချိန်ဖြစ်နေပြီ။ အတိုက်ခံရသူ အမျိုးသမီးကတော့ ဘာထွက်ဝယ်တာလဲ မသိဘူး။ သူ့မှာ ထီးလည်းပါတယ်၊ မိုးနည်းနည်းကျနေတော့ ထီးတွေလည်း စုတ်ပြတ်သွားတယ်” လို့ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ က ရိက္ခာနဲ့ အသုံးအဆောင်တွေ ထောက်ပံ့ကူညီ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်ပြည်သူတွေဆီကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ ၊ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက ဆန်၊ ဆီ၊ အဝတ်အထည်တွေနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေ သွားရောက် လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မှာ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ပါတယ်။