စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ချောင်းဦး ပကဖထံက သိရပါတယ်။

နိုဝင်ဘာ ၂ ရက် မနေ့က မနက် ၁၀ နာရီကျော်မှာ ချောင်းဦးမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က ၁၂၀ မမ ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးလုံးတင်ရွာနဲ့ အနီးတဝိုက် ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီး ၄ လုံးလောက်နဲ့ ပစ်သွားတာ အဲဒီရွာဝန်းကျင်ကို ကျတယ်။ တခြားဘေးရွာတွေလည်း ကျသွားတယ်။ ၂ ယောက် သေတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း တချို့ရှိတယ်လို့ ကြားတယ်။ နေအိမ်တွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” လို့ ချောင်းဦး ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။

၂၀၂၂ ခုနှစ်တွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ငါးလုံးတင်ရွာ မြင်ကွင်း

ငါးလုံးတင်ရွာဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်တပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်တာကြောင့် အရင်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

“ဒေသခံတွေ ရှောင်တိမ်းရတာမျိုး မရှိဘူး။ ငါးလုံးတင်ရွာက အရင်လည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေ ရှိဖူးတယ်။ သေဆုံးတာတွေလည်း ရှိတယ်။ ငါးလုံးတင်က အကြိမ်ကြိမ်ကို ပစ်ခံနေရတာ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ချောင်းဦးမြို့ပေါ် ဘောလုံးကွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကံမ ရေနံသာရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် ရေနံသာရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်ခြေလျင်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်လို့ စစ်အုပ်စုဝင် ၇ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့ ညနေပိုင်းက ကံမမြို့နယ်၊ မင်းရွာနားကို ရောက်ရှိလာတဲ့အင်အား ၁၀၀ ပါ စစ်ကြောင်းရဲ့ရှေ့ပွိုင့်ကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒုစရိုက်မှုကျူးလွန်ထားတဲ့ တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား ဟု ဆို

အွန်လိုင်းငွေလိမ် လောင်းကစားလုပ်ငန်းတွေက တရားမဝင်တဲ့ နိုင်ငံခြားသား ၈၀၀ ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သား (၁) ယောက် လက်နက်နှင့်တကွ KNDF ထံ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သား တစ်ယောက်ဟာ ဇန်နဝါရီလ (၂၀) ရက်မှာ လက်နက်နဲ့ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၃၄) က ထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြန့်မှ ဖမ်းမိထားသည့် နိုင်ငံခြားသားများအတွက် ကျွေးမွေးစရိတ် ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်ရှိဟု ဇော်မင်းထွန်း ငြီးတွားပြ

အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကနေ ဖမ်းဆီးရမိထားတဲ့ နိုင်ငံခြားသားတွေကို ထိန်း သိမ်းစောင့်ရှောက်ထားရတာဟာ ကုန်ကျစရိတ်များပြားပြီး တစ်နှစ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် သုံးစွဲကုန်ကျခဲ့ရတယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။
Read More

SSLRU ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားကို ရှမ်းတောင်ဒေသ တ‌စ်နေရာမှာ ဒီဇင်ဘာလ (၂၀) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြန့်မြို့တော်ဟု လူသိများသည့် KK Park ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း စစ်အုပ်စုကြေညာ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ လက်ခတ်တောင်ဘုရားကုန်းနဲ့ လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက သူ့ရဲ့ ဝါဒဖြန့်မီဒီယာမှာ သတင်းထုတ်လာပါတယ်။