မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက် ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ က ထွက်လာတဲ့ တပ်မ ၉၉ မှ တပ်ရင်း ၃ ရင်း ပူးပေါင်းအင်အား ၄၀၀ ဝန်းကျင်ဟာ ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ ရှားပင်ရေရွာနဲ့ ရိုးကြီးအနီးဝန်းကျင်က ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာ ချက်ကန်ရွာအနီး ပုသိမ်- မုံရွာလမ်းမပေါ်သို့ ရောက်ရှိလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက အနီးကပ်စောင့်ကြည့်လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ချက်ကန်ရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကို ရိက္ခာအဖြစ် ဖမ်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်သား ၃ ယောက်ထံက သေနတ် ၂ လက်နှင့်အတူ ကျည်၊ လက်ပစ်ဗုံး၊ ၆၀မမ ဗုံးသီး၊ အီနာဂါ၊ နင်းမိုင်း၊ RPG အဖူး၊ ကျည်ကာပြား၊ ကျည်ဘောက်အပိုအများအပြားနဲ့ စစ်ဝတ်တန်ဆာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Young Revolution Front နဲ့ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်းကလည်း စစ်ကြောင်း ၂ ကြောင်း ခွဲပြီး ဒီးဒုတ်ကွင်းရွာကို စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မိုင်းနင်းမိပြီး စစ်သား ၂ ယောက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

အဆိုပါစစ်သားတွေထံကနေလည်း ကျည်ကာဦးထုပ်နဲ့ စစ်ဝတ်တန်ဆာ၊ ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Young Revolution Front

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ခိုက်နိုင်ဖို့ Black Panther Column မှ တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေးနဲ့ ချေမှုန်းရေးတပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ အနီးကပ်တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force – Kanpetlet အလံတော်လွှင့်ထူ (ရုပ်/သံ)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force - Kanpetlet အလံတော်ကို လွှင့်ထူခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုင်းကျေးရွာသို့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက စစ်ကြောင်း ထိုးလာပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

ဘလယ်ဒို စခန်းကနေ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီရဲ့ လက်နက်တွေကို ဗိုလ်တာဘော ကြည့်ရှုစစ်ဆေး (ရုပ်သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ပူးပေါင်းတပ်တွေက တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မကြာမီမှာပဲ သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေကို Cobra Column က စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်တာဘောက ကြည့်ရှုစစ်ဆေးနေတဲ့ ရုပ်သံဖိုင်လာထွက်ပေါ်လာပါတယ်။