ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ထံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းကို ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ စစ်တပ်ရဲ့ စစ်ကြောင်းဟာ မြဝတီမြို့နယ် လေးကေ့ကော်ဒေသက ရသေ့ဂူကျေးရွာကို ရောက်လာချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် တပ်ပေါင်းစုတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်းကို “ပစ္စည်းကမှာထားတာကြာပြီ… အခုမှလာပို့တာ…. လက်ခံရရှိကြောင်း ငါ လက်မှတ်ထိုးပေးလိုက်မယ်နော်… တပ်မ (၂၂) တပ်မမှူးကို” ဆိုပြီး ရဲဘော်တွေနဲ့ ဗိုလ်မှူးဒါဘော စနောက် ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ကို ကျားသစ်နက်စစ်ကြောင်းက လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ထဲမှာ စစ်ကော်မရှင်ထံကနေ သိမ်းဆည်းရရှိထားတဲ့ လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း ထုတ်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ရက်ကစလို့ အကြမ်းဖက်စစ်အုပ်စုဟာ လေးကေ့ကော်ကို အင်အားအလုံးအရင်းနဲ့ တက်လာပြီး လက်နက်ကြီးပစ်ကူမှုတွေ အဆက်မပြတ်လုပ်ကာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ စစ်ရေးအခြေအနေကတော့ လက်ရှိအချိန်ထိ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ တပ်မ ၂၂ လက်အောက်ခံ စစ်တပ်စစ်ကြောင်းတွေနဲ့ KNU/KNLA ဦးဆောင်တဲ့ ဗျူဟာ (၃၂) ကျားသစ်နက်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ ဗွီနွန်စစ်ကြောင်း၊ Justice Soldier ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၃၁ရက်မှာ အကြမ်းဖက်စစ်တပ်ဘက်က အများအပြားသေဆုံးကာ ထွက်ပြေးအလင်းဝင်လာတာတွေ၊ စစ်သုံ့ပန်းတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ အမြောက်အမြား ရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ သေဆုံးတပ်သားအလောင်းတွေကို ပြန်လည်သယ်ယူနိုင်ခြင်း မရှိတဲ့အပြင် ခဲယမ်းများစွာကိုလည်း ကောက်ယူနိုင်ခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

“သူတို့ ရသေ့ဂူကနေ တက်လာတယ်။ ကိုယ့်လူတွေက ပစ်တယ်။ ပစ်တော့ ဖရိုဖရဲတွေဖြစ်တော့ စစ်ကြောင်းရဲ့ ဖွဲ့စည်းပုံပျက်ပြီးတော့ ထွက်ပြေးသွားတယ်။ အလောင်းတွေ ကျန်ခဲ့တယ်။ ပစ္စည်းတွေ မကောက်နိုင်တော့ဘူး” လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကျဆုံးရဲဘော်များ၏ မိသားစုကို စောင့်ရှောက်နိုင်ရေး၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသည့် ရဲဘော်များကို တစ်သက်စာ တာဝန်ယူနိုင်ရေးအတွက် ဥပဒေပြဌာန်းနိုင်ရန် လုပ်ဆောင်နေကြောင်း NUG ပြော

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရင်း အသက်နဲ့ ခန္ဓာ ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေအတွက်၊ ရဲဘော်တွေရဲ့ မိသားစုဝင်တွေအတွက် ဥပဒေတစ်ခု ပြဌန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် NUG လက်ထက်မှာသာမက နောင်အနာဂတ်မှာပါ တာဝန်ယူပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ နိုဝင်ဘာ ပထမပတ်အတွင်း အရပ်သား ၈၂ ယောက်ကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

စစ်ရေးအားကောင်းတဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလ ပထမပတ်အတွင်း အရပ်သားပြည်သူ ၈၂ယောက်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့သူတွေကို NUG က စစ်ခုံရုံးဖွဲ့ စစ်ဆေးမည်

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အပေါ် စစ်ခုံရုံးဖွဲ့ကာ တရားဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများအား စစ်အုပ်စု စစ်ကြောင်း၂ ခု ခွဲထိုးပြီး မီးရှို့ဖျက်ဆီး၊ လေကြောင်းတိုက်ခိုက်မှုများလည်းရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၁ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်း​၂ ခု ခွဲထိုးရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နတ်တောင်တာဝါတိုင်စခန်းကုန်းကို AA သိမ်းပိုက်၊ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီး ၂ စီးနှင့် ဒရုန်းများကို AA ပစ်ချ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နတ်တောင်တာဝါတိုင်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးပါဝင်ဖို့ NUG ဖိတ်ခေါ်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်လာဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖိတ်ခေါ်  တိုက်တွန်းလိုက်ပါတယ်။