ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Launglone People Defence Force (LLPDF) က သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာဖက်ကနေ ကရင်ကြီးရွာဖက်ကို အင်အား ၇၀ကျော်နဲ့ စစ်ကြောင်းထိုးလာချိန် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ တစ်ကြိမ်၊ ၂၂ ရက်နေ့မှာ တစ်ကြိမ် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်အချိန်မှာ ကရင်ကြီးရွာကို ရောက်လာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ၂နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နောက်တရက် အောက်တိုဘာလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်မှာလည်း ကရင်ကြီးကျေးရွာကတဆင့် ကမ်းပနီကျေးရွာဘက်ကို ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အချိန် ၂ နာရီကြာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြားဖြတ် တိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်တပ်ဘက်က ၈ ယောက် သေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွေကို လောင်းလုံး(ပကဖ)-ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ရင်း-တပ်ခွဲ-၇ (LPF) ၊ ဒေါနတပ်ရင်း-တပ်ခွဲ-၄ (KBDF)၊ ရာမညမွန်တပ်တော်၊ (DNLA) ဒူရကစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကြားဖြတ်တိုက်ခိုက်မှု ၂ ကြိမ်အပြီးမှာတော့ ကမ်းပနီကျေးရွာနဲ့ ပညစ်ကျေးရွာကြားက သိကြားမင်းထိုင်တောင်ပေါ်ကို စစ်တပ်စစ်ကြောင်း ရောက်ရှိလာရာ ကာတောင်ပေါ်မှာ ယာယီတပ်စွဲနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းတွေနဲ့ ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှာ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။

ဒရုန်းတိုက်ခိုက်မှုကိုတော့ လောင်းလုံး (ပကဖ) – ထားဝယ်ခရိုင်၊ တပ်ပေါင်းစုဒေါနတပ်ရင်း – တပ်ခွဲ-၇ (LPF)၊ ဒေါနတပ်ရင်း – တပ်ခွဲ-၄ (KBDF) ၊ ရာမညမွန်တပ်တော်၊ (DNLA) ဒူရကစစ်ကြောင်းနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် UFC Fight ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့် ၁ဖြစ်သူ ဘရန်ဒန် ရိုဗာကို အကြိတ်အနယ်ထိုးသတ်ပြီး ထိုက်တန်စွာအနိုင်ရရှိ

ဒီကနေ့ကျင်းပတဲ့ UFC 317 မှာ မြန်မာကို ကိုယ်စားပြုတဲ့ ဂျော့ရှူအာဗန်က လက်ရှိ UFC ကမ္ဘာ့အဆင့် ၁ ဘရန်ဒန် ရိုဗာကို လက်စွမ်းအသာနဲ့ ထိုးသတ် အနိုင်ရရှိသွားပြီဖြစ်ပါတယ်။
Read More

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကို ကြိုဆိုကြောင်းနဲ့ ကျူးလွန်ပတ်သက်သူတွေကို အမြန်ဆုံးဖမ်းဆီးမိန့်ထုတ်ပြန်ဖို့ Defend Myanmar Democracy အဖွဲ့တောင်းဆို

အာဂျင်တီးနား ဖက်ဒရယ် ရာဇဝတ်တရားရုံးက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့  အာဏာသိမ်းစစ်ခေါင်းဆောင် အပါအ၀င်  ၂၅ဦးကို  ဖမ်းဆီးမိန့်ထုတ်ပြန်နိုင်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့  Defend Myanmar Democracyအဖွဲ့က ဒီနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

လောင်းလုံးတွင် စစ်ကော်မရှင်တပ်နှင့် နီးစပ်သူကို WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကို မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းတွင် တစ်လခွဲအတွင်း စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မေလ ၁၅ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့တယ်လို့ People's Liberation Force - ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအပါ ၄ ဦး သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်ရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိ (၁) ယောက်အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။
Read More

လက်နက်စွန့်ဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်အပြီး တောင်ကုတ်မြို့တစ်ခုလုံးကို AA သိမ်းပိုက်ထိန်းချုပ်

အာရက္ခတပ်တော် AA က တောင်ကုတ်က အမှတ်(၅) စစ်ဆင်ရေးဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ကာ တောင်ကုတ်မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။