ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ကို တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျားသစ်နက် တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြဝတီမြို့နယ် လေးကော့ကော်မြို့သစ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ BGF ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

”တပ်မ ၂၂ မှ ပေးပို့လိုက်သော လက်ဆောင်များအား ဗိုလ်မှူးကြီးဒါဘောမှ လက်ခံရရှိပါကြောင်း” လို့ ရေးသားပြီး သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကို ကျားသစ်နက် တပ်ခွဲ ၂ က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

Video – Black Panther Column – တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

ဇီးကုန်းမြို့ထဲ ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ထဲ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေ  တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ Kantbalu Counter Revolution Army က သတင်းထုတ်ပြန်ပါတယ်။
Read More

ချောက်မြို့နယ် ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေ အကြောင်းမဲ့ဝင်‌ရောက်မီး ရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်း ၃ ကြောင်း ခွဲဝင်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးကာ သေနတ်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အိမ်ခြေ ၁၀၀၀ ကျော် မီးရှို့ခံထားရသည့် ခိုးသန်းရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ Black Falcon Guerrilla Forces ထံက သိရပါတယ်။
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၄ လောင်းနဲ့အတူ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက်ကို လက်နက်တွေနဲ့ ဖမ်းဆီးရမိ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှာ စခန်းစွန့်ခွါ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို လိုက်လံရှင်းလင်းတိုက်ခိုက်ရာ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက်ကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းဆီးမိခဲ့ပြီး အလောင်း ၁၄ လောင်း ရရှိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီးမြင်ကွင်း (ရုပ်/သံ)

ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့လယ်ပိုင်းက ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေက တက်ရောက်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအပြီး စခန်းတွင်းအခြေအနေများကို အဆိုပါတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်းက ရုပ်သံဖိုင်အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။