စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ မနက် ၇နာရီကျော်လောက်မှာ အကြမ်းဖက်စစ်တပ်က အင်အား ၁၅ ယောက်ခန့်နဲ့ မိုင်းရှာဖို့ ထွက်လာချိန် မုံရွာ-မန္တလေး လမ်းမပြီး တစ်နေရာအရောက် တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၃လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့မှုတော့ မရှိလိုက်ဘူး။ မိုင်းပဲ ဆွဲလိုက်တာ၊ သေဆုံးမှုက မကြားသေးဘူး။ ဒဏ်ရာရတဲ့ကောင်တွေကို ဆက်ရှာတယ်။ ဆုတ်ခွာမသွားဘူး” လို့ Chindwin Fighter Group – CFG တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဟာ စစ်အုပ်စု ရောက်လာမှာကို ကြိုတင်သတင်းရလို့ စောင့်ဆိုင်းနေတာမျိုး မဟုတ်ဘဲ အဆိုပါ လမ်းပိုင်းတွေမှာ မကြာခဏ မိုင်းရှာဖွေရေး လုပ်တတ်တာကြောင့် ကြိုတင် မိုင်းထောင်ထားပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့လာမှာကို ကြိုတင်သိလို့တော့ မဟုတ်ဘူး။ သူတို့တွေက တခါတလေဆို မိုင်းထွက်ရှင်းတယ်။ သူတို့ အလုပ်ကိစ္စတွေ ပေါ်လာပြီဆိုရင် မိုင်းထွက်ရှင်းတာများတယ်။ လမ်းမိုင်းပေါ့လေ.. မိုင်းက ကြိုထောင်ထားတာ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အကြမ်းဖက်စစ်အုပ်စုက အနီးတဝိုက်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ခရီးသွားပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကိုတော့ Brave Heart Army – BHA ၊ Monywa Dynamite. STF နဲ့ Chindwin Fighter Group – CFG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မောင်မယ်ရှောင်ကျေးရွာမှာ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို တိုက်ခိုက်နေသည့် NUG ၊ EAO နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီရန် အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေနဲ့ ဒေသတွင်း(Local) လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြစ်ဆုံစီမံကိန်းအား တမံဒီဇိုင်းပြောင်းကာ မဂ္ဂါဝပ်လျှော့ချပြီး ပြန်စမည်ဟု အကြမ်းဖက် ဒုခေါင်းဆောင် စိုးဝင်း ပြော 

ဆယ်နှစ်ကျော်ကြာ ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို တမံဒီဇိုင်းနဲ့ အမျိုးအစား ပြောင်းလဲပြီး မဂ္ဂါဝပ်လျှော့ချကာ ပြန်လည်စတင်ဖို့ရှိတယ်လို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောလိုက်ပါတယ်။ စီမံကိန်း ပြန်စနိုင်ဖို့ တရုတ်နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
Read More

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့် ဒေသများမှာ PDF များ ကူညီကယ်ဆယ်ရေး လုပ်ဆောင်

ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မံစီတိုက်ပွဲမှာ KIA က စစ်ကောင်စီ တပ်ရင်းမှူးကို အရှင်ဖမ်းမိထား၊ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့က စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ (၃၁၉) တပ်ရင်းမှူးကို အရှင်ဖမ်းမိထားပြီး ဗျူဟာမှူးကတော့ သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မင်းတပ်မြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်၊ မင်းတပ်မြို့နယ်မှာ စစ်တပ်လုံး၀ ကင်းစင်ပြီဖြစ်…

ချင်းပြည်နယ်၊ မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မင်းတပ် တစ်မြို့နယ်လုံးမှာ စစ်တပ်ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။