စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Monywa Dynamite – Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က မုံရွေးတန်ပိုကတ္တားဂိတ်ကနေ အင်အား ၁၅ ယောက်ခန့်နဲ့ မိုင်းရှာထွက် လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-မန္တလေးကားလမ်းတစ်နေရာမှာ ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားတွေထဲက ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA ၊ MONWYA DYNAMIDE.STF နဲ့ CHINDWIN FIGHTER GROUP.CFG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Monywa Dynamite – Special Task Force

0 Shares:
You May Also Like
Read More

တောကျီးကန်း ၇ ကောင် တပ်ရင်းက ပထမဆုံးအကြိမ်အဖြစ် ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရင်း တောကျီးကန်း ၇ ကောင် တပ်ရင်းက ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကုက္ကိုကုန်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့ စရဖ ရုံးကို RPG နှင့်ပစ်ခတ်တိုက်ခိုက်ခံရ၍ စစ်သား၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကောင်စီတပ် တပ်စွဲထားရာ လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီမနက် နံနက် ၁ဝနာရီခွဲလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါနချေမှုန်းရေးတပ်ခွဲ(၇)၊ Launglone Peninsula Force-LPF ကဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA ဗိုလ်ချုပ် တားဘုန်းကျော်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့် မွေးနေ့အတွက် ဆုတောင်းစကားပြောကြား (ရုပ်/သံ)

ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀)ပြည့်မွေးနေ့အတွက် TNLA ဗိုလ်ချုပ် တားဘုန်းကျော်က မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မိုးညှင်း K-PDF ရဲဘော်များ၏ ဆု‌တောင်းစကား (ရုပ်/သံ)

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မိုးညှင်းK-PDF ရဲဘော်တွေက မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

ရွှေဘို ဇီးကုန်းလေးပျူရွာအဝင် ဘန်ကာကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သားနှင့်ပျူ ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာအဝင်ရှိ ဘန်ကာကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။