မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ဆိပ်ဖြူအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ က ထွက်လာတဲ့ တပ်မ ၉၉ က တပ်ရင်း ၃ ရင်း ပူးပေါင်းအင်အား ၄၀၀ ဝန်းကျင်ဟာ ပေါက်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ ရှားပင်ရေရွာနဲ့ ရိုးကြီးအနီးဝန်းကျင်က ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာ ချက်ကန်ရွာအနီး ပုသိမ်- မုံရွာလမ်းမပေါ် ရောက်ရှိလာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက အနီးကပ် စောင့်ကြည့်လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ချက်ကန်ရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကို ရိက္ခာအဖြစ် ဖမ်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသည့် စစ်သား ၃ ဦးနှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

“ပြောရရင်တော့ ကျနော်တို့အဖွဲ့တင် မိတာက ၃ ယောက်။ အလင်းဝင်လာတာက ၁ ယောက်၊ စစ်ကြောင်းမှာ နေခဲ့လို့ ဖမ်းမိတာက ၁ယောက်၊ ထွက်ပြေးလာတာက ၁ ယောက်ပေါ့နော်။ ဘေးမှာလည်း တခြားမိတာလည်း ၃ယောက်ရှိသေးတယ်ဗျ။ ကျနော်တို့ မိတာမှာ ပသစက ၂ ယောက်၊ ၁ယောက်ကတော့ စစ်သားဖြစ်တာ ကြာပြီပေါ့နော် ၁၅ နှစ်တာဝန်ထမ်းထားတဲ့သူက ၁ ယောက် (ဒုတပ်ကြပ်ကြီး) ပါတယ်” လို့ Young Revolution Front အဖွဲ့ ရုံးတာဝန်ခံ လွင်မိုးက မောင်းကို ပြောပါတယ်။ 

အဆိုပါစစ်သား ၃ ယောက်ထံက သေနတ် ၂ လက်နဲ့အတူ ကျည်၊ လက်ပစ်ဗုံး၊ ၆၀ မမ ဗုံးသီး၊ အီနာဂါ၊ နင်းမိုင်း၊ RPG အဖူး၊ ကျည်ကာပြား၊ ကျည်ဘောက်အပို အများအပြားနဲ့ စစ်ဝတ်တန်ဆာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“အခုဖမ်းဆီးရမိတဲ့ စစ်သားတွေကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်။ ပြီးရင်တော့ လူ့အခွင့်အရေးနဲ့အညီ ရပိုင်ခွင့်တွေကို အပြည့်အဝပေးပါမယ်။ သူတိုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အစ ကျနော်တို့ ပေးဖို့ရှိတယ်ဗျ။ သိစေချင်တာက ကျနော်တို့ဘက်ကို အလင်းဝင်လာတာ… ဘက်ပြောင်းခိုလှုံလာတာဆိုရင် စစ်မှုထမ်းမဟုတ်ဘဲ စစ်သားဖြစ်နေပါစေ အခုလို ထားပေးတယ်ဆိုတာကို သိစေချင်ပါတယ်” လို့ ဆိုပါတယ်။ 

စစ်တပ်ထဲမှာတော့ PDF ဘက်ကို ဘက်ပြောင်းရင် PDF တွေက သတ်ပစ်မှာဆိုပြီး ဝါဒဖြန့်ခြိမ်းခြောက်မှုတွေ ရှိနေပြီး အဲဒီ ဝါဒဖြန့်မှုတွေက အမှန်တကယ် မဟုတ်ကြောင်းကိုလည်း စစ်မှုထမ်းတပ်သားတွေဖြစ်စေ၊ စစ်သားတွေဖြစ်စေ သိစေချင်တယ်လို့ သူက ပြောပါတယ်။  

အဆိုပါစစ်ဆင်ရေးကို  Young Revolution Front နဲ့ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကိုရီးယားတွင် မြန်မာပြည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် တရားမဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲနဲ့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။ 
Read More

၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် Justice For Myanmar ရွေးချယ်ခံရ

Justice For Myanmar (JFM) အဖွဲ့က ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထုရဲ့ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ JFM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့နဲ့ အင်းတော်မြို့ အလုံးစုံ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းတိုက်ခိုက်နေသည်ဟု KIA ထုတ်ပြန်၊ ဗန်းမော်က အမြောက်တပ် ၃၆၆ တပ်ရင်း ၊ ကန်တော်စာသင်ကျောင်း၊ အမြောက်တပ် ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို KIA သိမ်းပိုက်ထား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၂၁ အပါအဝင် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။
Read More

နတ်ရေကန်ဂိတ်မှ ခြေလျင်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်ကနေ ခြေလျင်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ People’s Defence Force – South Monywa တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ မဖြစ်မနေ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေ

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၀၀ကျော်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုတွေအပေါ် ဆန့်ကျင်ကြောင်းလှုပ်ရှားမှု တရုတ်နှစ်သစ်ကူးနေ့မှာ ပြုလုပ်

မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပေါ် ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုတဲ့ ဝက်ဝံရုပ်နဲ့အတူ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှုံ့ချတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။