အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနက တိုက်ပွဲရှောင်ပြည်သူတွေဆီ သွားရောက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာနေပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းကနေ ဂျက်ဖိုက်တာ၊ ဒရုန်းနဲ့ စက်တပ်လေထီးတွေ သုံးကာ ဗုံးကြဲတိုက်ခိုက်ခြင်းတွေ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတာဖြစ်ပါတယ်။

ဒါ‌ကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်သတိ အသိ အမြဲရှိနေဖို့၊ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန် ရှောင်ရန် ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာဖို့ Nay Pyi Taw PDF က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပက တော်လှန်ပြည်သူတွေအနေနဲ့လည်း တိုက်ပွဲရှောင်ပြည်သူတွေကို အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးအပ်ချင်တယ်ဆိုရင် နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနကတဆင့် ချိတ်ဆက်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရဲစခန်းထဲမှာ ကျင်းပတဲ့ ရဲနဲ့ ပျူခေါင်းဆောင်ရဲ့သမီး မင်္ဂလာပွဲ ဗုံးကြဲခံရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် မင်္ဂလာပွဲကျင်းပနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေထိခိုက်သွားတယ်လို့ ကြောင်လက်သည်းအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်မှာ ရေကြီးနေတာကြောင့် စစ်အုပ်စု၏ ကပစ ၁ နဲ့ ကပစ ၄ တို့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးများ ရပ်ထားရ…

“အခုက နေပြည်တော်မှာ နှစ်တိုင်း ရေကြီးတော့မယ့် အနေအထား ရှိတယ်။ ငလျင်ကလည်း တစ်ခါခံရတယ်။ အခုလည်း ရေက ကြီးနေတယ်။ မနှစ်ကလည်း ရေကြီးလို့ဆိုပြီး Production တွေ ရပ်နားခဲ့ရသေးတယ်။ အဲ့လိုဆိုတော့ ခြေလျင်တပ်ရင်းအတွက် လက်နက်ပစ္စည်းတွေ လျော့နည်းနေမှာဖြစ်တယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ် ချက်ချင်းအရေးယူဆောင်ရွက်ချိန်တန်ပြီလို့ KHRW က တိုက်တွန်းတောင်းဆို

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်းထုတ် ချက်ချင်း အရေးယူဆောင် ရွက်ရန်အချိန်တန်ပြီဖြစ်ကြောင်း  ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က အသိပေးထုတ်ပြန်ပါတယ်။  
Read More

စဉ့်ကူးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ယောက်ကို WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံး လုပ်ဆောင်ပေးခဲ့

တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။